မူဆယ်မြို့ရောက် ကိုးရီးယားရာဇဝတ်ပြေးလင်မယားအား နယ်စပ်အာဏာပိုင်များဖမ်းဆီး

Korea-Couple-arrest-at-Museမူဆယ်မြို့တွင် ဖမ်းဆီးရမိသော ခိုး၀င်ခိုလှုံသူ ကိုးရီးယားလင်မယား

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတရားမဝင် ရောက်ရှိလာသည့် ကိုးရီးယားနိုင်ငံသားလင်မယားနှစ်ဉီးအား အာဏာပိုင်များမှ မူဆယ်မြို့ ဟော်တယ်တခု အတွင်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးလိုက်ကြောင်းကြားသိရသည်။

၂၀၂၁ ခု ဇန္နဝါရီလ ၆ ရက် ည ၈ နာရီအချိန် တွင်ဖမ်းဆီးရမိသည့် ကိုးရီးယား အမျိုးသား Mr. Jo Hyung-Ju နှင့် Mrs. Hwang Kung Seon လင်မယား နှစ်ဉီးတို့သည် ကိုးရီးယားနိုင်ငံရာဇဝတ်ပြေးများဖြစ်ကြောင်း၊ ရှာဖွေဖမ်းဆီးပေးရန် ကိုးရီးယားနိုင်ငံမှ မြန်မာနိုင်ငံအား အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း ကြားသိရသည်။

မူဆယ်မြို့ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဉီးက – “ကျနော်တို့ မူဆယ်မြို့ကိုးဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကော်မတီက ဒေါက်တာ စန္ဒာဝင်းက သူတို့လင်မယားရဲ့ ကိုယ်အပူချိန်က သာမာန်ပဲ၊ နှာစေး၊ ချောင်းဆိုးတာ တွေ မရှိဘူးလို့ပြောတယ်။ သူတို့လင်မယားက တရုတ်နိုင်ငံ ထုံချင်းမြို့ကနေ ရွှေလီမြို့ကိုလာတယ်။ ပြီးတော့ စက်လှေ နဲ့ ပန်ခမ်းဆိပ်ကနေ ခိုးဝင်လာတယ်လို့ ဖမ်းမိတဲ့အချိန်တုန်းက သူတို့လင်မယားက ၀န်ခံတယ်” – ဟုပြောသည်။

အဆိုပါ ဖမ်းမိထားသည့် ကိုးရီးယားလင်မယား ၂ ဉီးအား လိုအပ်သည့်အချက်အလက်များ စစ်ဆေးပြီးပါက ကိုးရီးယားနိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်းကြားသိရသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါကိုးရီးယားလင်မယားသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိလာကာ ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ်လောင်းကစားရုံတွင် ရောက်ရှိအလုပ်လုပ်ကိုင်ကြောင်း၊ ငွေရေးကြေးရး ပြဿနာကြောင့် မြဝတီမြို့မှ မှော်လမြိုင်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားတို့ ရောက်ရှိတိမ်းရှောင်ကြောင်း၊ ထိုမှတဆင့် မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာကာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်းကြားသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ်မြို့ရောက် ကိုးရီးယားရာဇဝတ်ပြေးလင်မယားအား နယ်စပ်အာဏာပိုင်များဖမ်းဆီး မူဆယ်မြို့ရောက် ကိုးရီးယားရာဇဝတ်ပြေးလင်မယားအား နယ်စပ်အာဏာပိုင်များဖမ်းဆီး Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.