မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၅၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၁,၇၃၇ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၂၀ ဦးရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၈၇၈ ယောက်ရှိပြီဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူတွေထဲ ရောဂါအခံရှိသူ ၁၅ ယောက်ပါဝင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒီကနေ့ အတွက်ပိုးတွေ့လူနာနှုန်းက ၂.၅၃ ရာခိုင်နှုန်းရှိတာပါ။ ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၂,၀၃၇,၉၃၀ ခု စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး ဒီကနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနာမူနာပေါင်းက ၂၁,၇၃၉ ခု ရှိပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၁၅,၀၆၁ ယောက်ရှိပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ သီတင်းပတ်တွေအတွင်း ရန်ကုန်တိုင်းအတွင်း COVID 19 ကူးစက်သူ ၈၅,၂၀၆ ယောက် ရှိပြီး ကူးစက်မှုနှုန်း အများဆုံးဖြစ်သလို မန္တလေးတိုင်းအတွင်း ရောဂါ ကူးစက်သူ ၁၅,၁၉၄ ယောက်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံ၊ နယ်မြေ အသီးသီးရဲ့ COVID 19 ရောဂါ ဖြစ်ပွါးသေဆုံးမှု စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၇၀ မှာ ရှိနေတယ်လို့ ဇန်နဝါရီလ ၁၁ ရက်နေ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားတဲ့ စာရင်းအချက်အလက်တွေကို ကိုးကားပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက အဆင့် ၂၁ နေရာမှာရှိပြီး ဘင်္ဂလားဒေ့ရှ်က အဆင့် ၂၇ နေရာမှာရှိပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-cases/5734320.html

No comments:
Post a Comment