လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီးယာဥ်အား နောက်မှလာသည့် (၁၂)ဘီးယာဥ်ကဝင်ရောက်တိုက်မိရာ ယာဥ်မောင်းသေဆုံး


ကျောက်တံခါး ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်lကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီ းမိုင်တိုင်အမှတ် ၁၀၁/၅ နှင့် ၆ အကြား ရင်းတိုက်ကုန်းကျေးရွာအုပ်စုအလယ်ကျွန်းကျေးရွာအနီး၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၆ နာရီခန့်က လမ်းဘေး၌ရပ်တန့်ထားသည့် (၁၂)ဘီးယာဥ်အားနောက်မှလာသည့် (၁၂)ဘီးယာဥ်ကဝင်ရောက်တိုက်မိရာ ယာဥ်မောင်းတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ယာဥ်မောင်းကျော်စိုးနိုင်၂၅နှစ် မင်းရွာကျေးရွာ ရွှေဘိုမြို့နယ်နေသူမောင်းနှင်ပြီး ယာဥ်ပေါ်တွင် ဝင်းမင်းသန်း ၄၃နှစ်(ယာဥ်မောင်း)မြတောင်ရပ်ကွက် ရွှေဘိုမြို့နယ်နေသူတို့ လိုက်ပါစီးနင်းလာသော 3H/-----NISSAN DIESEL (၁၂)ဘီးအဖြူရောင်ယာဥ်သည်lရှေ့မှ၃၆ပေကျယ်ဝန်းသောလမ်း၏ယာဘက်ခြမ်း လမ်းပုခုံးမြေသားလမ်းနှင့် ကပ်လျက်ရပ်တန့်ထားသော အမည်မသိ(၁၂)ဘီးယာဥ်(စုံစမ်းဆဲ)၏ နောက်ဖင်မီးအား ဝင်ရောက်တိုက်မိခဲ့ရာ မော်တော်ယာဥ်မောင်းကျော်စိုးနိုင်တွင် ဒဏ်ရာများရရှိ၍ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ဆေးကုသစဥ်သေဆုံးခဲ့သည်။ ယာဥ်ပေါ်ပါသူဝင်းမင်းသန်းတွင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီးယာဥ်မှာရှေ့လေကာမှန်ကွဲ ယာဥ်ဦးခေါင်းပိုင်းကြေမွပျက်စီးခဲ့သည်။

 ဖြစ်စဥ်နှင့်ပတ်သက်၍ကျောက်တံခါးမြို့မရဲစခန်က ယာဥ်အားအရမ်းမဲ့ပေါ့လျော့စွာမောင်းနှင်သူယာဥ်မောင်းကျော်စိုးနိုင်(သေဆုံး)အား အမှုဖွင့်အရေးယူကာဒုရဲအုပ်ကျော်ဆန်းဦးမှစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။


ခင်ကို(ကျောက်တံခါး)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီးယာဥ်အား နောက်မှလာသည့် (၁၂)ဘီးယာဥ်ကဝင်ရောက်တိုက်မိရာ ယာဥ်မောင်းသေဆုံး လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီးယာဥ်အား နောက်မှလာသည့် (၁၂)ဘီးယာဥ်ကဝင်ရောက်တိုက်မိရာ ယာဥ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 01:42 Rating: 5

No comments:

Powered by Blogger.