သမ္မတကို တရားစွဲဆိုချက်အပေါ် သမ္မတရုံး ပြင်းပြင်းထန်ထန် တုံ့ပြန်

သမ္မတကို တရားစွဲဆိုချက်အပေါ် သမ္မတရုံး ပြင်းပြင်းထန်ထန် တုံ့ပြန် / ဓာတ်ပုံ - သီဟထွန်း/ RFA

နိုင်ငံတော် သမ္မတကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ တရားစွဲဆို တိုင်ကြားဖို့ လုပ်ဆောင်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံရေး ဆွဲကြိုးချတာမျိုး ဖြစ်လိမ့်မယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ မဲရှုံးတဲ့လူတွေက လက်မခံဘဲ အမျိုးမျိုး ဝေဖန်ပြောဆိုနေတာဖြစ်တယ်လို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ (၂၁၅) နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (၄၃) အရ နိုင်ငံတော် သမ္မတ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေတစ်ရပ်ရပ်အရ မိမိကိုအပ်နှင်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးဆောင်ရွက်ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မှ ဖြေရှင်းဖို့ တာဝန် မရှိဘူးလို့ ပြဌာန်းထားတာကိုလည်း ဦးဇော်ဌေးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ စာချွန်တော်ပေးပို့ တိုင်ကြားထားတဲ့အကြောင်း အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်က ပြောခဲ့ပါတယ်။

ဦးစိုးမောင်က စာချွန်တော်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံထားပြီးဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ စာချွန်တော်ကို လက်ခံလိုက်ပြီးဆိုတာဟာ မှန်ကန်မှုမရှိဘူးလို့ ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို ဆင့်ခေါ်ထားတဲ့အပေါ်မှာလည်း ဥပဒေအရ ဆောင်ရွက်စရာ မလိုဘူးလို့ ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/president-office-response-01082021051527.html

သမ္မတကို တရားစွဲဆိုချက်အပေါ် သမ္မတရုံး ပြင်းပြင်းထန်ထန် တုံ့ပြန်  သမ္မတကို တရားစွဲဆိုချက်အပေါ် သမ္မတရုံး ပြင်းပြင်းထန်ထန် တုံ့ပြန် Reviewed by THITHTOOLWIN on 18:07 Rating: 5

No comments:

Powered by Blogger.