ဝါရှင်တန်မြို့တော် လွှတ်တော် နဲ့ အစိုးရရုံးများ လုံခြုံရေး ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နုတ်ထွက်မည်

Capitol Police- ရဲတပ်ဖွဲ့အကြီးအကဲ Steven A. Sound (Supplied: United States Capitol Police)

အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အဦးတွေနဲ့ ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ အစိုးရအဆောက်အဦးတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ (Capitol Police) ရဲတပ်ဖွဲ့အကြီးအကဲ Steven A. Sound ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း အမေရိကန် သတင်းမီဒီယာတွေမှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦးကို သမ္မတ Donald Trump ကို ထောက်ခံသူတွေက ဝင်ရောက် စီးနင်းခဲ့ကြတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ လွှတ်တော်အတွက် လုံခြုံရေးတာဝန်ယူရတဲ့ ရဲတပ်ဖွဲ့အပေါ် အပြစ်တင် ပြောဆိုမှုတွေ ထွက်ပေါ်လာပြီး မကြာခင်မှာဘဲ သူ့အနေနဲ့ ရာထူးက မကြာခင်မှာ နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

ရွေးကောက်ခံသမ္မတ Joe Biden ကျမ်းသစ္စာကျိန်ဆိုဖို့ ရက်အနည်းငယ်အလိုမှာ လွှတ်တော် အဆောက်အဦးတွေနဲ့ အစိုးရရုံးတွေရဲ့လုံခြုံရေး တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့အကြီး ရာထူးက နုတ်ထွက်မှာဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ လွှတ်တော်လုံခြံုရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ရဲ့ လုံခြံုရေးအားနည်းချက်တွေအပေါ် နိုင်ငံတဝှမ်း ပြစ်တင် ဝေဖန်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်လာနေတဲ့အချိန်မှာဘဲ ထိပ်ပိုင်း တာဝန်ရှိသူတွေအကြား ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဖိအားပေး ပြောဆိုမှုတွေ ထွက်လာအပြီးမှာ အခုလို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးက နုတ်ထွက်မယ့်သတင်း ထွက်ပေါ်လာတာပါ။

ဇန်နဝါရီလ ၆ ရက်နေ့က သမ္မတရွေးချယ်ရေးအဖွဲ့က Joe Biden ကို ရွေးကောက်ခံသမ္မတအဖြစ် အတည်ပြုရေး ပြည်နယ်ကိုယ်စားပြုမဲတေကို အထက်နဲ့ အောက်လွှတ်တော်တို့မှာ ရေတွက်နေကြစဉ် သမ္မတ Donald Trump ကို ထောက်ခံသူတွေက လွှတ်တော်အအောက်အဦးကို အကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့ကြတာကြောင့် အတည်ပြုရေးအစီအစဉ် ခေတ္တ ဆိုင်းငံခဲ့ရပါတယ်။ လွှတ်တော်အဆောက်အဦးကို အခုလို ဆန္ဒပြလူအုပ်ကြီးက အဓမ္မ ဝင်ရောက်စီးနင်းတာ ခေတ်သစ် အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/washington-capitol-police-chief-will-resign-/5729621.html

ဝါရှင်တန်မြို့တော် လွှတ်တော် နဲ့ အစိုးရရုံးများ လုံခြုံရေး ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နုတ်ထွက်မည် ဝါရှင်တန်မြို့တော် လွှတ်တော် နဲ့ အစိုးရရုံးများ လုံခြုံရေး ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နုတ်ထွက်မည် Reviewed by THITHTOOLWIN on 18:10 Rating: 5

No comments:

Powered by Blogger.