ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စည်သူဘွဲ့ရ

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စည်သူဘွဲ့ရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို ရှမ်းပြည်နယ်ခရီးစဉ် တစ်ခုမှာ တွေ့ရစဉ် / ဓာတ်ပုံ - မောင်သိန်း (ဒဿနိက)

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက စည်သူဘွဲ့ကို ချီးမြှင့်လိုက်ပါတယ်။

နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူတွေ၊ အကျိုးဆောင်သူတွေကို နိုင်ငံတော် သမ္မတက စည်သူဘွဲ့တွေ ချီးမြင့်လေ့ရှိပါတယ်။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုတော့ ပြည်ထောင်စုစည်သူ သင်္ဂဟဘွဲ့တွေထဲက သရေစည်သူဘွဲ့ကို နိုင်ငံတော် သမ္မတ ကချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံတော် သမ္မတက ချီးမြှင့်တဲ့ဆု ရရှိသူစာရင်းကို ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပြီး တပ်မတော်သား ၄၅ ဦးထဲမှာ တပ်မတော်ကနေ အငြိမ်းစားယူထားတဲ့ ဦးကျော်ဆွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းဆောင်ချိန်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်စွာ နေတဲ့အချိန်ကြာမြင့်ခဲ့တာကြောင့် တပ်မတော်က အနားပေးခံလိုက်ရတဲ့သူလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kyawswe-got-prize-01042021044544.html 

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စည်သူဘွဲ့ရ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စည်သူဘွဲ့ရ Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.