မှတ်တမ်းတင်ထားတာအရဆိုရင် ၂၀၂၀ ပြည့်နှစ်ဟာ ၂၀၁၆ ခုနှစ်နဲ့တန်းတူ အပူပြင်းဆုံးနှစ်ဖြစ်တယ်လို့ ဥရောပသမဂ္ဂ ဥတုရာသီလေ့လာစောင့်ကြည့်ရေးဌာနက ဒီနေ့ ပြောလိုက်ပါတယ်။
၂၀၁၅ ခုနှစ်ကစပြီး ၆ နှစ်တာကာလဟာ ကမ္ဘာပေါ်မှာ အပူပြင်းဆုံး ၆ နှစ်အဖြစ် မှတ်တမ်းတင်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း နှစ် ၂၀ မှာ ဆက်တိုက် ပိုပြီးတော့ ကမ္ဘာကြီး ပူနွေးလာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ Copernicus ဥတုရာသီပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးဌာနက ပြောပါတယ်။
၂၀၂၀ ခုနှစ်ကတော့ ထူးထူးခြားခြားကို ပူနွေးတဲ့နှစ်ဖြစ်တယ်လို့ Copernicus ရာသီဥတုပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Carlo Buontempo က ပြောပါတယ်။
ဒါဟာ အနာဂတ်မှာ ဆိုးရွားတဲ့ ရာသီဥတုအကျိုးဆက်တွေကို ကာကွယ်ဖို့အတွက် ကာဗွန်ဓါတ်ငွေ့လျှော့ချရေး ရည်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာကို ထပ်ပြီးတော့ သတိပေးလိုက်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment