ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ကလေးမြို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့ကို တွေ့ရစဉ်။ File Photo: RFA

စစ်ကိုင်းတိုင်း ကလေးမြို့မှာ Home Quarantine အိမ်တွင်းကန့်သတ်နေထိုင်သူတစ်ဦး မနေ့မနက်က သေဆုံးသွားပါတယ်။

အိမ်မှာ သီးခြားကန့်သတ် စောင့်ကြည့်ထားတဲ့ အသက် ၈၀ ကျော် အမျိုးသမီး သေဆုံးတာဖြစ်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတယ်လို့ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာစန်းမောင်က ပြောပါတယ်။

ရောဂါအခံရှိတာကို သူ့မိသားစု ပိုသိမယ့်အကြောင်းလည်း ပြောပါတယ်။ ကွယ်လွန်သွားသူကို ကာယကံမေတ္တာအသင်းနဲ့ ပုညကုသလ အသင်းတို့က ဒိုးဝိုင်းချောင်းသုသာန်မှာ မီးသဂြိုလ်ပေးခဲ့ပါတယ်။

ကလေးမြို့မှာ အတည်ပြုလူနာ စုစုပေါင်း အယောက် ၃၀ ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kalay-resident-died-with-covid-19-01252021180540.html

ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့  ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ Reviewed by THITHTOOLWIN on 06:52 Rating: 5

No comments:

Powered by Blogger.