စစ်တွေ ရွှေပြားဆိပ်ကမ်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ


နိရဉ်စရာ၊ ဇနျနဝါရီ ၁၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေပြားရပ်ကွက် အရှေ့ဘက် (BOC) ဆိပ်ကမ်းတွင် လူသေအလောင်း တစ်လောင်းကို ယနေ့ နံနက်က တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ကိုမောင်မောင်သန်း အသက် (၂ဝ) ကျော် အရွယ်ဖြစ်ပြီး ၄င်းမှာ စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်းလည်း မိခင်ဖြစ်သူ ဒေါ်ဦးစိန်မြက ပြောသည်။

ကိုမောင်မောင်သန်းသည် လွန်ခဲ့သော ၂ ရက်ခန့်ကနေ ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယခု သူ၏အလောင်းအား တွေ့ရှိချိန်တွင် လက်နှစ်ဖက်ကိုလည်း နောက်ပြန်ကြိုးတုတ်ပြီး ချည်နှောင်ထားသလို့ ခြေထောက် နှစ်ဖက်ကိုလည်း ချည်နှောင်ထားသည်။ ၄င်းအပြင် ပါးစပ်အားလည်း အဝတ်စဖြင့် ပိတ်ထားပြီး မျက်နှာတွင် ပြတ်ရှဒဏ်ရာများနှင့် ဘယ်ဖက်ခြေကျင်းဝတ်တွင်လည်း ပြတ်ရှဒဏ်ရာ တစ်ချက်ပါရှိကြောင်း သိရှိရသည်။

ယခုလိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှုကို ရရှိလိုကြောင်း သေဆုံးသွားသူ၏ မိခင်ဖြစ်သူက ပြောသည်။

၄င်းမှုခင်းကိစ္စများနှင့်ပတ်သက်၍ စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ဒုရဲမှူးထွန်းထွန်းအားဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သူမသိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


ထွန်းခိုင် (တောင်ရင်းကျွန်း)

Narinjara

https://www.facebook.com/narinjara.info

စစ်တွေ ရွှေပြားဆိပ်ကမ်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ  စစ်တွေ ရွှေပြားဆိပ်ကမ်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.