မြိတ်တွင်နယ်ထိန်းခေါင်းဆောင်ရဲအရာရှိအား ဇန္နဝါရီလ ၇ ရက်နေ့ ၊ညပိုင်းက ဓါးဖြင့်ခုတ်၍ထွက်ပြေးတိမ်းရှောင်သူကို တနင်္သာရီမြို့နယ်တွင်(ယနေ့)ဖမ်းဆီးရမိ ကြောင်းသိရပါတယ်။
မြိတ်မြို့၊အောင်မင်္ဂလာရပ် ၊သုခ ၆ လမ်းမှာ မူးယစ်ဆေးသတင်းအရ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ဇော်ဦးဆောင်တဲ့အဖွဲ့ ဖမ်းဝရမ်းနဲ့အတူ သွားရောက်ဖမ်းဆီးစဥ် ကျော်ထွန်း(ခ)ဂျနား မှ နယ်ထိန်းခေါင်းဆောင်ကို ဓါးဖြင့်ခုတ်ပြီးထွက်ပြေးသွားတာပါ ။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်မိုးသက်မှ ကြီးကြပ်ကွပ်ကဲပြီး မြို့နယ်ရဲတပ်ဖွဲ့အသီးသီးကိုချိတ်ဆက်၍ စုံစမ်းရှာဖွေရာ တနင်္သာရီမြို့နယ်၊အော်ကြီးကျေးရွာရှိ ဥယျာဥ်ခြံတွင်း ရောက်ရှိနေကြောင်းသတင်းအရ တနင်္သာရီမြို့မရဲစခန်းမှ ဒုရဲအုပ်သော်တာမျိုးဦးစီးတဲ့အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။
နယ်ထိန်းခေါင်းဆောင် ရဲအရာရှိကို ဓါးဖြင့်ခုတ်သူ ကျော်ထွန်း(ခ)ဂျနား ၄၃ နှစ်၊အား တနင်္သာရီမြို့မရဲစခန်းမှ မြိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးနိုင်ရန် စီစဥ်နေကြောင်းသိရပါတယ်။
Myat Htut - Myeik

No comments:
Post a Comment