တောင်ကြီးမြို့ ရွှေဆိုင်တခု လုယက်ခံရ

ဇန်နဝါရီ ၈ရက် ၂၀၂၁

သျှမ်းပြည် တောင်ပိုင်းတောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် တွင် ဖွင့်လှစ်ထားသည့် ရွှေဇာမဏီရွှေဆိုင်တွင်  ယနေ့ (ဇန်နဝါရီ ၈ ရက်) နေ့လည်ပိုင်း အချိန်တွင်  လုယက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

တောင်ကြီးမြို့ ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းတွင်ဖွင့်လှစ်ထားသည့် ရွှေဇာမဏီ ရွှေဆိုင် ကို  ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ကာ ရွှေဝယ်ယူသည့် ပုံစံဟန်ဆောင်ပြီး  ရွှေလက်စွပ်တကွင်းကို စွတ်ယူကာ ထွက်ပြေးသွားကြောင်း လုယက်မှုကို မျက်မြင်သည့်အမျိုးသားတဦးက ပြောသည်။

“ အမျိုးသားပဲ၊ သူက ရွှေဝယ်မယ်ဆိုပြီးပြလိုက်တာ။ လက်စွပ်ကိုစွတ်ကြည့်ပြီးတော့ ထွက်ပြေးသွားတာ။ လုခံရတဲ့ ရွှေက တော့ ၂ ကျပ်သား တန်းဖိုရှိတယ်လို့ကြားတယ်” ဟု ၎င်းမျက်မြင်က ထပ်လောင်းပြောသည်။

ထိုလုယက်သွားသည့် အမျိုးသားကို သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများက  လိုက်လံရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။

ထိုသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်က မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမရှိပေ။


စိုင်းဆိုင်လှိုင်း/ သျှမ်းသံတော်ဆင့်

SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ ရွှေဆိုင်တခု လုယက်ခံရ တောင်ကြီးမြို့  ရွှေဆိုင်တခု လုယက်ခံရ Reviewed by THITHTOOLWIN on 17:55 Rating: 5

No comments:

Powered by Blogger.