ဗိုလ်တစ်ထောင်မြို့နယ်တွင် ပိုက်ဆံအိတ် လုယူသူ(၂)ဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ


ရန်ကုန်   ဇန်နဝါရီ    ၂

 ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီခွဲတွင် တရားလို ဦး----သည် ကမ်းနားလမ်းအတိုင်း ၅၄ လမ်းဘက်မှ ၅၃-လမ်းဘက်သို့ လမ်းလျှောက်လာစဉ်  အမျိုးသား နှစ်ဦး ဆိုင်ကယ်ဖြင့် မောင်းနှင်လိုက်ပါလာပြီး ဆိုင်ကယ်နောက်ထိုင်လိုက်ပါလာသူက ၎င်း၏ဝဲလက် အတွင်းမှ I Phone 12 Pro Max တစ်လုံး၊ Samsung Note 20 တစ်လုံး၊ တစ်သိန်းကျပ်နှင့် TOYOTA RUSH ကားသော့တစ်ချောင်းပါ ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားကြောင်း တိုင်တန်း မှုဖြစ်ပွားခဲ့သည်။

 အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ ဒုရဲအုပ် ဗိုလ်ဗိုလ်၊ အရှေ့ပိုင်းခရိုင် မှုခင်း နှိမ်နင်းရေးဌာနစုမှ ရဲအုပ် မျိုးမင်းထွန်း ဦးစီးအဖွဲ့၊ နယ်ထိန်းအရာရှိ ရဲအုပ် ကျော်မိုးငြိမ်း နှင့်အဖွဲ့တို့ ပူးပေါင်း၍ ပြစ်မှုကျူးလွန်သူအား လိုက်လံပိတ်ဆို့ ရှာဖွေဖမ်းဆီးရာ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် စလင်း အား ဒုဌဝတီ(၄)လမ်း၊ (၆၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှလည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် ဇော်မင်းထွန်း(ခ)ဖိုးတုတ် အား ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာလမ်းဆုံမှလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသူ စလင်း နှင့် ဇော်မင်းထွန်း(ခ)ဖိုးတုတ် တို့ နှစ်ဦးကို စစ်ဆေးရာ သက်သေခံ ပစ္စည်း ဖုန်းနှစ်လုံးအား သာကေတမြို့နယ်နေ ဒေါ်ခင်ခင်ထွေး ထံ ပေါင်နှံထားကြောင်း ထွက်ဆို ချက်အရ ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၂)ဦးအား ဥပဒေနှင့်အညီ အရေးယူ  ဆောင်ရွက်ထားကြောင်း သိရသည်။ 


ရဲပြန်ကြား

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဗိုလ်တစ်ထောင်မြို့နယ်တွင် ပိုက်ဆံအိတ် လုယူသူ(၂)ဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ ဗိုလ်တစ်ထောင်မြို့နယ်တွင်   ပိုက်ဆံအိတ် လုယူသူ(၂)ဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.