ဟားခါး ဇန်နဝါရီ ၁၀
ဟားခါးမြို့ မြို့သစ်ရပ်ကွက်တွင် လျှပ်စစ်အပူပေးစက် သုံးစွဲရာမှ အပူ လွန်ကဲပြီး ဇန်နဝါရီ ၉ရက် ည ၁၁နာရီ မိနစ် ၂၀ ခန့်က လူနေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးပြီး လူတစ်ဦး သေဆုံး ခဲ့သည်။
ဖြစ်စဉ်မှာ ဟားခါးမြို့၊ မြို့သစ် ရပ်ကွက် အိမ်ရှင် ဦးကီယိုလိန်း၊ အိမ်ငှား ဦးသန်းဝင်း၏ (၄၀x၂၆) ပေ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ်အိပ်ခန်းအတွင်း လျှပ်စစ် အပူ ပေးစက် သုံးစွဲရာမှ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ နေအိမ် ကပ်လျက်ရှိ နေအိမ် နှစ်လုံး ထပ်မံ မီးကူးစက် လောင်ကျွမ်းမှုကြောင့် စုစုပေါင်း လူနေအိမ် သုံးလုံး မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုတွင် အိမ်ငှား ဦးသန်းဝင်း အသက် (၃၆ နှစ်) သေဆုံးခဲ့သဖြင့် ခရိုင်မီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် ဟားခါးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ချင်း ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးဝင်းနိုင်၊ ခရိုင်မီးသတ်ဦးစီး မှူး ဦးသန်းထွေး၊ မြို့နယ် မီးသတ်ဦးစီး မှူး ဦးသျှန်နွန်မောင်နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူ များ ပူးပေါင်း၍ မြို့နယ်မီးငြှိမ်းသတ် ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ခရိုင်မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ် ယာဉ် တစ်စီး၊ လူနာတင်ယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ ပြည်နယ် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ စုစုပေါင်း ရှစ်စီးအသုံးပြု၍ မီးငြှိမ်းသတ်ခဲ့သည်။
အဆိုပါ မီးဘေးသင့်အိမ်ထောင်စု များအား ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လမ်းပန်းဆက်သွယ် ရေး ဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန် ကျုံး၊ ဟားခါးခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အတူ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန် ရှိသူများက ဟားခါးမြို့ မြို့သစ် ရပ်ကွက်သို့သွားရောက်၍ ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁၂ သိန်း နှင့်ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Myanmaalinn

No comments:
Post a Comment