အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသည့် နိုင်ဂျီးရီးယားနိုင်ငံသားများနှင့် ဆက်စပ်ပတ်သက်သူများ ထပ်မံဖော်ထုတ်ဖမ်းဆီး


နေပြည်တော်  ဒီဇင်ဘာ   ၃၁

ငွေကြေးလိမ်လည်ရယူသည့်  နိုင်ဂျီးရီးယားနိုင်ငံသားများနှင့် ဆက်စပ်ပတ်သက်သော ဂိုဏ်းကို လိမ်လည်ပုံ နည်းလမ်း MPU  ကတ်များ၊   ဖုန်း      SIM  Card  များ၊  ငွေကြေးများနှင့် အတူ  ဖော်ထုတ်ဖမ်းဆီးပြီးနောက် ဆက်လက်ခြေရာခံမှုများပြုလုပ်ခဲ့ရာ ရန်ကုန်မြို့  ကြည့်မြင်တိုင်မြို့နယ်  နှင့်  သန်လျင်မြို့နယ်နေ  မြန်မာ နိုင်ငံသား အမျိုးသားနှစ်ဦး၊ အမျိုးသမီး  ငါးဦးတို့ကို  ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့၏  သတင်းထုတ်ပြန်ချက်အရ သိရသည်။

 ဥပဒေနှင့်အညီ အရေးယူမည်

ထပ်မံဖော်ထုတ်ရရှိသူများထံမှ MPU ကတ်မျိုးစုံ  ၅၂ ကတ်၊ ဘဏ် စာအုပ်မျိုးစုံ  ၆၈ အုပ်၊  နိုင်ငံသား စိစစ်ရေးကတ်ပြားအတု    ၃၉  ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ   ၄၃ ခု၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် လေးခု၊ နိုင်ဂျီးရီးယားနိုင်ငံ    Passport      စာအုပ်  သုံးအုပ်၊ Memory  Stick    ငါးခု၊ တံဆိပ်တုံးအတုမျိုးစုံ  ၂၇ ခု၊ လက်ကိုင်ဖုန်းရှစ်လုံးနှင့် SIM Card မျိုးစုံ ၇၃ ခု၊ ipad တစ်လုံး၊ BMW အမျိုးအစား မော်တော်ယာဉ်တစ်စီး နှင့်  ငွေကျပ်သိန်း ၈၀ ကျော်တို့အား ထပ်မံသိမ်းဆည်းရမိပြီး   ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ 

ဝန်ဆောင်ခပေးရန် ငွေလွှဲခိုင်း

ထွက်ဆိုချက်များအရ ပစ်မှတ် များကို  ဖေ့စ်ဘွတ်  မက်ဆင်ဂျာမှ တစ်ဆင့်  ဆက်သွယ်၍  လိမ်လည် သည့် ပြောစကားများမှာ လက်ဆောင် ပစ္စည်းများပို့ထားကြောင်း၊ ဒေါ်လာ နှင့် ရွှေချောင်းများ ပို့ထားကြောင်း၊ နိုင်ငံခြားငွေနှင့်     အသုံးအဆောင် ပစ္စည်းများ၊  အဖိုးတန်စိန်ထည်နှင့် လက်ဝတ် ရတနာပစ္စည်းများပေးပို့ထားကြောင်း၊  နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုအတွက်လိုအပ်သည့် အမေရိ ကန်ဒေါ်လာများ     ပေးပို့လိုက် ကြောင်း   စသည်ဖြင့်   ပြောဆိုကာ အဆိုပါပစ္စည်းများနှင့်  ဒေါ်လာများ အတွက်  အခွန်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်       ငွေလွှဲခိုင်းခြင်း၊ နိုင်ငံခြားသားတစ်ဦး   မြန်မာနိုင်ငံ   တွင် နေထိုင်ရန်  နေအိမ်နှင့် ကားကြို တင်ဝယ်ယူ    ပေးထားရန်အတွက် အမေရိကန်ဒေါ်လာများ ပေးပို့လိုက် သဖြင့်   ဝန်ဆောင်ခငွေလွှဲပေးရန် ငွေလွှဲခိုင်းခြင်း၊    ဟောင်ကောင်ထီ ပေါက်သည်ဟု ပြောဆို၍  ထီဖိုးငွေ အဖြစ်  ငွေလွှဲခိုင်းခြင်း  စသည်ဖြင့်    ပြောဆိုလိမ်လည်မှု   ကျူးလွန်ခြင်း ဖြစ်ကြောင်း၊     ငွေလိမ်လည်မှုကို ဦးဆောင်ပြုလုပ်သည့် နိုင်ဂျီးရီးယားနိုင်ငံသားများသည် ၎င်းတို့နှင့်အတူနေ မြန်မာအမျိုးသမီးများနှင့် ရပ်ကွက် များအတွင်း   အိမ်ငှားနေထိုင်ပြီး အိမ်ငှားရာတွင်လည်း အတည်တကျ မငှားဘဲ ခြောက်လခန့်သာ ငှားရမ်း၍ မကြာခဏ နေရာရွှေ့ပြောင်း  နေထိုင် ကြောင်း။

ရဲတပ်ဖွဲ့သို့  သတင်းပေးပို့ရန်

ပြည်သူများအနေဖြင့် မသင်္ကာ ဖွယ်    နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့  အိမ်ငှားနေထိုင် ပါက  သက်ဆိုင်ရာ   မြို့နယ်/ရပ်ကွက်        အုပ် ချုပ်ရေးအဖွဲ့အစည်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဦးစီးဌာနနှင့်  မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့      သို့  သတင်းပေးပို့ကြပါရန်   အဆိုပါ သတင်းထုတ်ပြန်ချက်တွင်    ဖော်ပြ ထားသည်။  


Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသည့် နိုင်ဂျီးရီးယားနိုင်ငံသားများနှင့် ဆက်စပ်ပတ်သက်သူများ ထပ်မံဖော်ထုတ်ဖမ်းဆီး အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသည့်  နိုင်ဂျီးရီးယားနိုင်ငံသားများနှင့် ဆက်စပ်ပတ်သက်သူများ ထပ်မံဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 05:35 Rating: 5

No comments:

Powered by Blogger.