ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အထက်လွတ်တော်ရွေးကောက်ပွဲ ဒီမိုကရက်တွေ အလေးသာ

ဒီမိုကရက်ပါတီ ကိုယ်စားပြု ယှဉ်ပြိင်သူ Raphael Warnock နှင့် Jon Ossoff

ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အမေရိကန် အထက်လွှတ်တော် အမတ် နှစ်နေရာအတွက် ရွေးကောက်ပွဲတွေကို မနေ့ ဗုဒ္ဓဟူး နေ့က ကျင်းပပြီးတဲ့နောက် ဒီမိုကရက်ပါတီ ကိုယ်စားပြု ယှဉ်ပြိင်သူ Raphael Warnock က လက်ရှိ ရစ်ပတ်ဘလင်ကန် အမတ် Kelly Loeffler ကို အနိုင်ရလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် Raphael Warnock က ကျွန်စနစ်ကို ထောက်ခံခဲ့တဲ့ တောင်ပိုင်း ကွန်ဖက် ဒရိတ်ပြည်နယ်ရဲ့ ပထမဆုံး လူမည်း အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်လာသလို့ သူ့ရဲ့ ဒီမိုကရက်ပါတီအနေနဲ့လည်း ကွန်ဂရက် လွှတ်တော်တစ်ရပ်လုံးကို ထိန်းချုပ် နိုင်ဖို့ ပိုပြီး နီးစပ်သွားပြီ ဖြစ်ပါတယ်။

နောက်ထပ် အထက်လွှတ်တော် အမတ်တစ်နေရာအတွက် ဒီမိုကရက် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်နေသူ Jon Ossoff ကလည်းလက်ရှိ ရစ်ပတ်ဘလင်ကန် အမတ် David Perdue ကို ပွတ်ကာသီကာနဲ့ ဦးဆောင်နေပါတယ်။ Jon Ossoff က ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်း က သူ အနိုင်ရတယ်လို့ ကြေညာခဲ့ပေမယ့် အကြိတ်အနယ် ရှိလွန်းတာကြောင့် အနိုင်ရသူကို ကြေညာဖို့အချိန်စောနေသေးတာ ဖြစ် ပါတယ်။

Jon Ossoffအနိုင်ရရင် ဒီမိုကရက်တစ်ပါတီက ကွန်ဂရက် တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပြီး ဆယ်နှစ်အကြာမှာ ပါတီ တစ်ခုက အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးကို ပထမဆုံး ထိန်းချုပ်ထားခွင့် ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင်၊ ရွေးကောက်ခံ သမ္မတ Joe Biden နဲ့ ကွန်ဂရက်က ဒီမိုကရက် အမတ်တွေ အနေနဲ့ လွှတ်တော်မှာ ဥပဒေပြုရေးကိစ္စတွေ ဆောင်ရွက်ရာမှာ လွယ်ကူမှာလည်း ဖြစ်ပါတယ်။

ဂျော်ဂျီယာ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးသူတွေ မကြံစဖူး စံချိန်တင်များပြားခဲ့တာပါ။ အစဉ်အလာအရ ရစ်ပတ် ဘ လင်ကန် ပါတီ ကြီးစိုးတဲ့ ပြည်နယ်မှာ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲတုန်းကလိုပဲ ဒီမိုကရက်တစ် ကိုယ်စားလှယ်တွေ အနိုင်ရဖို့ အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/georgia-election-/5727682.html

ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အထက်လွတ်တော်ရွေးကောက်ပွဲ ဒီမိုကရက်တွေ အလေးသာ ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အထက်လွတ်တော်ရွေးကောက်ပွဲ ဒီမိုကရက်တွေ အလေးသာ Reviewed by THITHTOOLWIN on 06:20 Rating: 5

No comments:

Powered by Blogger.