ဗီဇပြောင်း ပိုးသစ်ကြောင့် ကိုဗစ် ကူးစက်မှုမြင့်တက်လာတဲ့ ဗြိတိန် အခြေအနေ

ဗြိတိန်နိုင်ငံမှာ COVID- 19 ဖြစ်ပွားမှုတိုးနေ

ဗြိတိန်နိုင်ငံမှာ COVID- 19 ဖြစ်ပွားမှုတိုးနေသလို ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ပျံ့နှံ့နေတဲ့ အတွက် Tier 4 အမြင့်ဆုံးအဆင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထား ရပါတယ်။ လက်ရှိဆေးရုံတွေရဲ့ အခြေနေကို သိရအောင် ဗြိတိန် အရှေ့တောင်ပိုင်း Essex ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ခံ ဒေါက်တာ အလိမ္မာဝင်းသိန်း ကို ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဆေးရုံတွေမှာ ကိုဗစ်နဲ့ ရောက်လာတဲ့ လူနာတွေသိပ်များနေတယ်လို့ ခုလိုစပြောပါတယ်။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ Winter အချိန်မှာဆိုရင် Respiratory Symptom နဲ့လာတဲ့ Pneumonia ဖြစ်တဲ့ လူတွေဟာ အများကြီးပါ။ ဒါကတော့ ထူးတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် Pandemic ကြောင့်မို့လို အခု ကိုဗစ်လူနာတွေဟာ အရမ်းများပြီးတော့ Test လုပ်လိုက်လို့ရှိရင် positive လူနာတွေ များပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ လူနာတွေရောက်လာတယ်ဆိုလို့ရှိရင် ဒီလူနာက ကူးစက်မြန်တဲ့ ပိုးသစ်ကြောင့်လား။ အရင် နဂိုတုန်းကတွေ့တဲ့ပိုးကြောင့်လား ဘယ်လိုမျိုးခွဲပါသလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ကျမတို့ဆီမှာ လူနာရောက်လာလို့ရှိရင် ဘယ်ပိုးလဲလို့ကျမ မပြောတတ်ပါဘူး။ ဘာလို့လဲဆိုလို့ရှိရင် ကျမက ဓာတ်ခွဲခန်းမှာမလုပ်တော့လေ အတိအကျ မပြောတတ်ပါဘူူး။ လူနာရောက်လာလို့ရှိရင် ဆေးရုံကိုတင်ဖို့အတွက် အဲဒီမှာ Swab ယူရတယ်။ လူနာ Positive လား Negative လားသိချင်လို့။ ဘာလို့လဲဆိုတော့ Positive ဖြစ်လို့ရှိရင် Positive Ward မှာထားတယ်။ အဲဒါကို COVID Ward လို့ခေါ်ပါတယ်။ Positive မဟုတ်ဘူးဆိုလို့ရှိရင်တော့ Negative သမားကို Positive နဲ့အတူတူထားလို့ရှိရင်တော့ ပိုပြီးတော့ အကုန်ဆိုးကုန်မှာပေါ့နော်။ အဲဒါကြောင့်မို့လို့။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ လူနာရောက်လာတယ်။ လူနာရောက်လာလို့ရှိရင် ကူးစက်မြန်ဟုတ် မဟုတ်မသိသေးဘဲနဲ့ ပထမဦးဆုံး ဒီကိုဗစ်ရှိတယ်ဆိုလို့ရှိရင် ခွဲထားလိုက်တယ်ပေါ့နော်။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ကျမတို့ဆီမှာ အခုဆိုရင် နိုဝင်ဘာလလယ်က စလို့Department တွေကို Hot Department နဲ့ Cold Department ဆိုပြီး ပြန်ခွဲလိုက်ရပါတယ်။ COVID Suspect Symptom နဲ့လာတဲ့သူတွေကို Hot နေရာမှာ ကျမတို့ကလက်ခံတာပေါ့။ COVID Suspect Symptom မတွေ့ဘူးဆိုရင်တော့ Cold နေရာမှာ ထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ တနေ့တနေ့လူနာရောက်လာတဲ့နှုန်းကို ပြောပြပေးပါ။ လူနာ ဘယ်လောက်လောက်ရှိသလဲ။ ဒီလိုမျိုးပေါ့နော် အရေးပေါ်ဌာနတွေက မနိုင်မနင်းဖြစ်နေလား သိချင်လို့ပါ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ဟုတ်တယ် တနိင်ငံလုံးမှာတော့ အရေးပေါ်ဌာနတွေမှာ အရမ်းအလုပ်များနေပါတယ်။ အရင် Pandemic တုန်းကလိုပဲ ပြန်ဖြစ်သွားတာပေါ့။ အဲလိုပဲ လူနာတွေက COVID Symptom နဲ့လာတဲ့ လူနာတွေ အရမ်းများတဲ့အခါကြတော့ Staff တွေကလည်း နေမကောင်းကြဘူး ဒီရောဂါနဲ့ပဲပေါ့ ။ အဲဒီတော့ Staffing Shortage တွေဖြစ်ကုန်ပြီး ဒီရောဂါနဲ့အကုန် လုံးခြာလိုက်နေတာပေါ့။

ဒေါ်ခင်မျိုးသက် ။ ။ ပျမ်းမျှခြင်းအားဖြင့် လူနာတနေ့ကို ဘယ်လောက်ရောက်လာတတ်ပါသလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ သုံးရာကျော်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ရော COVID ရောဂါဖြစ်တဲ့လူတွေ တနေ့နေ့ ဘယ်လောက်ရှိပါသလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ တနေ့တနေ့ငါးသောင်း positive ဖြစ်နေတာ တပတ်လောက်ရှိပြီလို့သတင်းတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် positive ဖြစ်တဲ့လူတိုင်းလည်း ဆေးရုံရောက်လာတော့မဟုတ်ပါဘူး။ ဆေးရုံကို ဘယ်လောက် ဒီရောဂါနဲ့ရောက်သလဲဆိုတာ ပြောရတာတော့ ခတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမက statistic မှာလည်း မလုပ်တော့ အတိအကျတော့ မပြောပြတတ်ပါဘူး။ ဒါပေမယ့် positive က အရင်က အရမ်းနည်းနေရာကနေပြီးတော့ ထောင်ဂဏာန်းလောက် ရှိနေရာကနေပြီးတော့ အခု ငါးသောင်းလောက်ရှိနေတာ တပတ်လောက်ရှိနေပါပြီ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့အခု ဗြိတိန်နိုင်ငံမှာရင် TR4 ပေါ့နော် ။ အခုလော့ဒေါင်းချထားတဲ့ အတွက်ရော လူနာလျော့လာပါသလား။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ လော့ဒေါင်းက effect ရှိပါတယ်။ အခုပဲ ဥပမာပြောရလို့ရှိရင်တော့ ကျမတို့New Year ပြီးသွားပြီပေါ့နော်၊ နို့မို့ဆိုလို့ရှိရင်တော့ New Year ည ဆိုရင်တော့ ကျမတို့အတွက် nightmare ပါပဲ။ အဲဒါ New Year ညမှာ အဲလောက်များများကြီးမဆိုးဘူးပေါ့နော်။ ဆိုတော့ နည်းသွားတယ်လို့တော့ ပြောရမှာပါပဲ ။ အဲဒီ လော့ဒေါင်းဟာ effective ဖြစ်တယ် ပြောရမှာပါပဲ။

ဒေါ်ခင်မျိုးသက် ။ ။ အခုသိချင်တာလေးတခုက ကူးစက်မြန်ဗီဇပြောင်းပိုးမျိုး အသစ်နဲ့အရင်နဂိုမျိုးနဲ့ကွာခြားတာလေးတွေ့ပါသလား။ လူနာတွေမှာလေ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ ကျမ personal experience နဲ့ပြောလို့ရှိရင်တော့ အဲဒီလူနာတွေ အားလုံးဟာ very bad flu လိုပါပဲ။ အသက်ရှူကျပ်တဲ့ ရောဂါပါပဲ။ အကုန်လုံး ဒီဥစ္စာက ပိုးသစ်လား ၊ ဒီဥစ္စာက ပိုးဟောင်းလား ကျမတို့တော့ မခွဲတက်ပါဘူး။ ဘယ်သူမှလည်း အတိအကျမပြောနိုင်ပါဘူး။ လာတဲ့လူနာတွေအားလုံးက အဲလိုမျိုး အဖျားတွေကြီးမယ် ၊ အသက်ရှူကျပ်မယ်၊ အောက်ဆီဂျင် Level ကျမယ် ။ နေမကောင်းဘူူးပေါ့ လူက နုန်းခွေပြီးတော့ အသက်ကြီးတဲ့လူတွေ ပိုဆိုးပါတယ်။ အဲလိုမျိူး မစားနိုင်မသောက်နိုင် ခေါင်းတွေကိုက် အဲလို မျိူးတွေဖြစ်ပြီးရောက်လာတာပါ။ အဲဒီတော့ ပိုးအသစ်လား ပိုးအဟောင်းလား ကျမတို့လည်း ခွဲမနေတော့ပါဘူး။ လာလို့ရှိရင် သူတို့ကို ဘယ်လို သက်သာအောင်လုပ်မလဲ ။ သူတို့ဟာ intensive care ထဲကို သွားဖို့လိုလား မလိုဘူးလား ။ အဲဒီအချိန်မှာ ဆုံးဖြတ် ရတာပါပဲ ။

ဒေါ်ခင်မျိုးသက် ။ ။ဒီရောဂါဖြစ်ရင် အကောင်းဆုံးဘယ်လိုလုပ်ရမလဲ။

ဒေါက်တာ အလိမ္မာဝင်းသိန်း။။ အကောင်ဆုံးကတော့ မဖြစ်အောင် ကြိုတင်ကာကွယ်တာပဲ။ ဒါကြောင့်အစိုးရက ဖြစ်နိုင်သလောက်ပေါ့ လော့ဒေါင်းကိုလေ စီးပွားရေးလဲ ပျက်မသွားရလောက်အောင် လော့ဒေါင်းကို တဆင့်ပြီးတဆင့် လုပ်ကြည့်နေတာပေါ့လေ။ ဒါပေမယ့် လူတွေကလည်း နားထောင်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့prevention က အကောင်းဆုံးပါပဲ။ လက်ဆေးရမယ်၊ Mask တပ်ရမယ် ။ အရေးကြီးတာ မျက်နှာကို မကိုင်ရဘူး။ နောက်ပြီး တယောက်နဲ့တယောက်က ၆ ပေခွာပြီး နေရမယ်ပေါ့နော် ။


ဒေါ်ခင်မျိုးသက်/VOA (Burmese)

https://burmese.voanews.com/a/britain-new-covid-/5729664.html

ဗီဇပြောင်း ပိုးသစ်ကြောင့် ကိုဗစ် ကူးစက်မှုမြင့်တက်လာတဲ့ ဗြိတိန် အခြေအနေ ဗီဇပြောင်း ပိုးသစ်ကြောင့် ကိုဗစ် ကူးစက်မှုမြင့်တက်လာတဲ့ ဗြိတိန် အခြေအနေ Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.