ထိုင်ဝမ်ကမ်းလွန်မှာ မြန်မာသင်္ဘောသားတဦး ဓားထိုးခံသေဆုံး


ဒီနှစ် နှစ်သစ်ကူးရက်မှာ မြန်မာသင်္ဘောသားတဦး ထိုင်ဝမ်အနီး နိုင်ငံခြားသင်္ဘောတစီးပေါ်က ခိုက်ရန်ဖြစ်မှုထဲ သေဆုံးသွားတယ်လို့ Taiwan News သတင်းစဉ်မှာ ဖော်ပြလိုက်ပါတယ်။

Channel News Asia အနေနဲ့ မနေ့ကထုတ်ပြန်တဲ့ ဒီသတင်းမှာ ဒီရေနံတင်သင်္ဘောဟာ New Taipei Shimen ခရိုင်ကနေ ၃၅ မိုင်ကျော်အကွာ နိုင်ငံတကာရေပိုင်နက်အရောက် ဇန်နဝါရီ ၁ ရက်နေ့တုန်းက အသက် ၂၇ နှစ်အရွယ် သင်္ဘောသား ဝေဖြိုးအောင်ကို အခြားသင်္ဘောသားတွေက ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

ခုလို ဓားထိုးခံရပြီး သူ့အခြေအနေ ချက်ချင်းဆိုးလာတာကြောင့် သင်္ဘောကနေ အကူအညီတောင်းခံခဲ့ရာမှာ ထိုင်ဝမ်ဘက်က ရဟတ်ယာဉ်နဲ့လာခေါ်ပြီး ထိုင်ပေရဲ့ Songshan လေဆိပ်ကတဆင့် ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံရောက်အပြီးမှာ သေဆုံးခဲ့ပါတယ်။

Cook ကျွန်းစုမှာ မှတ်ပုံတင်ထားတဲ့ ဒီသင်္ဘောကတော့ Keelung ဆိပ်ကမ်းမှာ မနေ့မနက်က ကျောက်ချရပ်နားထားခဲ့ပါတယ်။

ဒီသေဆုံးမှုက နိုင်ငံတကာရေပိုင်နက်ထဲ ရောက်နေစဉ် အခုလို သင်္ဘောသားချင်း ရန်ဖြစ်သေဆုံးတာကြောင့် ထိုင်ဝမ်အနေနဲ့ တရားရုံးတင်ခွင့် မရှိဘူးလို့ ကမ်းခြေစောင့်ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် သင်္ဘောပိုင်ရှင်ဘက်က တောင်းဆိုလာရင်တော့ ဒီအမှုအတွက် စုံစမ်းစစ်ဆေးတာတွေ ကူညီပေးနိုင်တယ်လို့ CGA လို့ အတိုကောက်ခေါ်တဲ့ ဒီ ကမ်းခြေစောင့်ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-seaman-died-taiwan-sea/5722653.html

ထိုင်ဝမ်ကမ်းလွန်မှာ မြန်မာသင်္ဘောသားတဦး ဓားထိုးခံသေဆုံး ထိုင်ဝမ်ကမ်းလွန်မှာ မြန်မာသင်္ဘောသားတဦး ဓားထိုးခံသေဆုံး Reviewed by THITHTOOLWIN on 01:02 Rating: 5

No comments:

Powered by Blogger.