SP Bakery မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင်လူတစ်စုက မိုးကုတ်မြို့တွင် သေနတ်ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွား


SP Bakery မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ယနေ့(ဒီဇင်ဘာ ၄) နံနက်ပိုင်းတွင် လက်နက်ကိုင်လူတစ်စုက မိုးကုတ်မြို့တွင် သေနတ်ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၄ ရက် နံနက် (၀၈း၄၅) နာရီအချိန်ခန့်က မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာဈေး(ပတ္တမြားဈေး)နှင့် အထက (၃) အနီး လမ်းလျှောက်နေစဉ် ဦးကျော်ဝင်းကို လက်နက်ကိုင်လူတစ်စု(၇ ဦး)က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က မိုးကုတ်မြို့ဝင်/ထွက် ဂိတ်များအား ပိတ်ဆို့ထားရှိပြီး စုံစမ်းရှာဖွေနေကြောင်းသိရသည်။


The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

SP Bakery မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင်လူတစ်စုက မိုးကုတ်မြို့တွင် သေနတ်ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွား SP Bakery မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင်လူတစ်စုက မိုးကုတ်မြို့တွင် သေနတ်ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.