ဒီဇင်ဘာ ၂ရက် ၂၀၂၀
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် Quarantine တခုတွင် အပြင်လူ ခိုးဝင်လာမှု ရှိကြောင်း းစုံစမ်းသိရှိရသည်။
ထိုသိုခိုးတွေ့မှုသည် ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းအချိန်တွင် Quarantine center ဝင်နေသည့် အမျိုးသား တဦးထံ အပြင်လူတဦးက အုတ်တံတိုင်းကျော်လာပြီးခိုးဝင်တွေ့ခဲ့ကြောင်းနှင့် ထိုခိုးဝင်လာသူကို ညတွင်းချင်းဖမ်းမိပြီး အမှူဖွင့်ထားကြောင်းသိရသည်။
“ အပြင်ကလူတစ်ယောက်က အတွင်းထဲကို ခြံစည်းရိုးကျော်ဝင်လို့ အမှူဖွင့်ထားတယ်။ ကျနော်တို့ ပတ်ဝန်းကျင်းသတင်းပေးအရသိတာ။ ကိုဗစ်ဥပဒေနဲ့ဘဲ ဖွင့်ထားတယ်” ဟုကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှု ဦးနိုင်ဝင်းက ပြောသည်။
ထို့သို့ခြံစည်းရိုးမှ ခိုးဝင်မှုများရှိလာသဖြင့် လုံခြုံပိုင်းကို ပိုပြီးကြပ်မက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့ထက်ပြီးတော့ အစောင့်ရှောက်နဲ့ လုံခြုံရေးတွေကို ကျနော်တို့ ဌာနဆိုင်ရာအဖွဲ့နဲ့ လူမူရေးအဖွဲ့နဲ့ အရှိန်မြင့်ပြီးတော့ ကြီးကြပ်စောင့်ပါတယ်” ဟု ဦးနိုင်ဝင်းက ပြောသည်။
အလားတူ နိုဝင်ဘာ ၃၀ တွင် သျှမ်းတောင်ပိုင်း တောင်ကြီးမြို့တွင် တက္ကသိုလ် Quarantine စင်တာတစ်ခုတွင် ခိုးဝင်ပြီး အမျိုးသမီးတဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ ကြောင်းသိရသည်။
စိုင်းဆိုင်လှိုင်း/သျှမ်းသံတော်ဆင့်
SHAN News (Burmese Version)

No comments:
Post a Comment