Faclity Quarantine Centerတွင် အသွားအလာကန့်သတ်ထားရှိသည့် အသက်၅၀ကျော် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာ၊ အထက(တွဲ)တွင် ဖွင့်လှစ်ထားရှိသော Faclity Quarantine Center တွင် ဒီဇင်ဘာလ ၄ရက်နေ့က အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါအမျိုးသမီးမှာ အသက် ၅၈နှစ်ရှိပြီး နံနက် ၇နာရီခွဲအချိန်ခန့်က  အခန်းအတွင်း အမြင့် ၁၂ ပေခန့်ရှိ ထုတ်တန်း၌ အသုံးမပြုသည့် ဝါယာကြိုးဖြင့် လည်ပင်းတွင် ကြိုးကွင်းစွပ်၍ သေဆုံးနေသည်ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တွေ့ရှိခဲ့ရာ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ပလိပ်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ ဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

သေဆုံးသူသည်  ၎င်း၏ ညီမဖြစ်သူတွင် ကိုဗစ်-၁၉ တွေ့ရှိသဖြင့် Quarantine Center ၌ ဒီဇင်ဘာ ၃ရက်နေ့ကစတင်၍ အသွားအလာကန့်သတ်ထားသူဖြစ်ကာ စိတ်ကျရောဂါအခံရှိသူတစ်ဦးဖြစ်ကြောင်း၊ ယင်း Quarantine Center ၌ ကျား ၈ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးကို အခန်း ၅ခန်းတွင် ထားရှိပြီး သေဆုံးသူတစ်ဦးတည်းသာ တစ်ခန်းတည်း ထားရှိသူဖြစ်ကြောင်းလည မှတ်တမ်းတွင် ဖော်ပြထားသည်။ 

သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် နှင့် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ သိရှိနိုင်ရန် အလောင်းကို မန္တလေးဆေးရုံကြီးသို့ပို့ဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 


( Ah Lin Nge )

The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal 

Faclity Quarantine Centerတွင် အသွားအလာကန့်သတ်ထားရှိသည့် အသက်၅၀ကျော် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး Faclity Quarantine Centerတွင် အသွားအလာကန့်သတ်ထားရှိသည့် အသက်၅၀ကျော် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 22:11 Rating: 5

No comments:

Powered by Blogger.