တရုတ်ကုမ္ပဏီထုတ် Covid ကာကွယ်ဆေး နောက်ဆုံးစမ်းသပ်မှုရလဒ် ဘာကြောင့်ဆိုင်းငံ့ထားသလဲ

A man works in the packaging facility of Chinese vaccine maker Sinovac Biotech, developing an experimental coronavirus disease (COVID-19) vaccine, in Beijing, China, Sept. 24, 2020.

တရုတ်ဆေးကုမ္ပဏီ Sinovac Biotech ရဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုရလဒ်တွေအရ ၅ဝ% ကျော် ထိရောက်တယ်လို့ ဘရာဇီး အစိုးရပိုင် Butantan institute သုတေသနသိပ္ပံက တာဝန်ရှိသူတွေကပြောပါတယ်။

ဒါပေမဲ့ Sinovac ကုမ္ပဏီရဲ့ မေတ္တာရပ်ခံချက်အရ တွေ့ရှိထားတဲ့ စမ်းသပ်မှုရလဒ်တွေကို ထုတ်ဖော်မကြေညာသေးဘူးလို့လည်း ပြောပါတယ် ဒါကြောင့် ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အပေါ် စိုးရိမ်မှုတွေလည်း ထပ်မံ ထွက်ပေါ်လာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မိမိသဘောဆန္ဒအလျောက် ဆေးစမ်းသပ်ခံသူတဦးမှာ ပြင်းထန်တဲ့ တုန့်ပြန်လက္ခဏာတွေခံစားခဲ့ ရပြီးတဲ့နောက် Sinovac ရဲ့ CoronaVac လို့ အမည်ပေးထားတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ရပ်ဆိုင်းထားခဲ့တာပါ။ ဒီ Sinovac ဆေးကုမ္ပဏီက ကမ္ဘာတလွှား ဘေးကင်း၊ ထိရောက်တဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်နေကြတဲ့ ကုမ္ပဏီတွေထဲတခုပါဝင်တာပါ။

Belgium ကတင်ပို့ပေးလိုက်တဲ့ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးတွေ လက်တင်အမေရိကတိုက်က Mexico City ကို ရောက်လာ ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့က ပထမအသုတ် ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံကလည်း ဗုဒ္ဓဟူးနေ့ က ဆေးတွေလက်ခံရခဲ့သလို တခြား လက်တင် အမေရိကန် နိုင်ငံတွေကလည်း ကာကွယ်ဆေးခွင့်ပြုချက်ရဖို့နဲ့ ဆေးတွေတင်ပို့ပေးဖို့ မျှော်လင့်နေကြပါတယ်။

Johns Hopkin တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေအရ အခုထိ တကမ္ဘာလုံး COVID-19 ကူးစက်သူ ၇၈.၇ သန်းနဲ့ သေဆုံးသူက ၁.၇ သန်းရှိပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/brazillian-researchers-say-chinese-made-covid-vaccine-is-effective/5712388.html

တရုတ်ကုမ္ပဏီထုတ် Covid ကာကွယ်ဆေး နောက်ဆုံးစမ်းသပ်မှုရလဒ် ဘာကြောင့်ဆိုင်းငံ့ထားသလဲ တရုတ်ကုမ္ပဏီထုတ် Covid ကာကွယ်ဆေး နောက်ဆုံးစမ်းသပ်မှုရလဒ် ဘာကြောင့်ဆိုင်းငံ့ထားသလဲ Reviewed by THITHTOOLWIN on 07:36 Rating: 5

No comments:

Powered by Blogger.