Covid ကာလ ထောက်ပံ့ကြေး တိုးမြှင့်ရေး သမ္မတ Trump ရဲ့အစီအစဉ်ကို ရီဘတ်ပလစ်ကင် အမတ်တွေပယ်ချ

အမေရိကန် ကွန်ကရက်လွှတ်တော်

အမေရိကန် အောက်လွှတ်တော် ရစ်ပတ်ဘလင်ကန်အမတ်တွေက ကိုဗစ်ကာလ စီးပွားရေး အကူအညီပေးရေး အစီအစဉ်မှာ အမေရိကန် ပြည်သူတွေကို တိုက်ရိုက်ပေးမယ့် ငွေကြေးပမာဏ တိုးမြှင့်ရေး အစီအစဉ်ကို ကြာသပတေးနေ့က ပယ်ချလိုက်ပါတယ်။

အမေရိကန် အထက်အောက် လွှတ်တော် နှစ်ရပ်လုံးက သဘောတူထားတဲ့ ဒေါ်လာ ၆၀၀ အစား ဒေါ်လာ ၂၀၀၀ အထိ တိုးမြှင့်ပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်အပေါ် သဘောတူနိုင်ရေး ဒီမိုကရက်တွေက ကြိုးပမ်းခဲ့တာကို ရစ်ပတ်ပလင်ကန်အမတ်တွေက အခုလို ပိတ်ဆို့ပယ်ချလိုက်တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာပဲ အောက်လွှတ်တော် ဒီမိုကရက် အမတ်ခေါင်းဆောင် Steny Hoyer က သမ္မတ ထရမ့်ရဲ့ အဆိုပြုချက်ကို အောက်လွှတ်တော် အမတ်အားလုံး တညီတညွတ်တည်း သဘောတူရေး ကြိုးပမ်းခဲ့တာပါ။ ဒါကို အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ရစ်ပတ်ဘလင်ကန်အမတ် Kevin McCarthy က သဘောတူဖို့ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ သမ္မတ ထရမ့်က အမေရိကန် ပြည်သူတစ်ဦးချင်းစီကို တိုက်ရိုက်ထောက်ပံ့မယ့် ငွေကြေး ပမာဏကို မတိုးမြှင့်ဘူးဆိုရင် အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀၀ သုံးစွဲမယ့် ကိုဗစ်ကာလအရေးပေါ် အကူအညီပေးရေးအစီအစဉ် ကို လက်မှတ်ထိုးချင်မှ ထိုးမယ်လို့ ပြောထားခဲ့တာပါ။

သမ္မတ ထရမ့်က ဒီကိုဗစ် စီးပွားရေးအကူအညီပေးမယ့် ဥပဒေမူကြမ်းကို တချက်လွှတ် ဗီတိုအာဏာသုံးပြီး ပယ်ချမယ်ဆိုရင် ဒီဇင်ဘာလ ၂၉ ရက်နေ့က စပြီး အမေရိကန်အစိုးရ တစိတ်တပိုင်း ပိတ်သွားနိုင်ခြေရှိသလို အမေရိကန် ပြည်သူတွေကို ပေးမယ့် ဒေါ်လာ ၆၀၀ လည်း နှောင့်နှေးသွားဖို့ ရှိပါတယ်။

ဒီ ငွေပမာဏကို ဒေါ်လာ ၂၀၀၀ အထိ တိုးမြှင့်ပေးဖို့ ကိစ္စကို ဆီးနိတ်အထက် လွှတ်တော် ခေါင်းဆောင် ရစ်ပတ်ဘလင်ကန် အမတ် Mitch McConnell တခြား အထက်လွှတ်တော် အမတ်တွေကလည်း ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

ဒီ ဥပဒေမူကြမ်းကို သမ္မတထရမ့် လက်မှတ်မထိုးရင် လက်ရှိ အလုပ်လက်မဲ့ ခံစားခွင့်တွေ ဒီစနေနေ့မှာ သက်တမ်းကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/republican-lawmakers-block-effort-to-pass-trump-stimulus-demands/5712931.html

Covid ကာလ ထောက်ပံ့ကြေး တိုးမြှင့်ရေး သမ္မတ Trump ရဲ့အစီအစဉ်ကို ရီဘတ်ပလစ်ကင် အမတ်တွေပယ်ချ Covid ကာလ ထောက်ပံ့ကြေး တိုးမြှင့်ရေး သမ္မတ Trump ရဲ့အစီအစဉ်ကို ရီဘတ်ပလစ်ကင် အမတ်တွေပယ်ချ Reviewed by THITHTOOLWIN on 07:30 Rating: 5

No comments:

Powered by Blogger.