မြန်မာ COVID-19 ကူးစက်သူ ၉၆,၅၂၀၊ သေဆုံးသူ ၂,၀၅၉ ဦးရှိပြီ

ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ လူနာတွေကို ကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Health and Sports - နိုဝင်ဘာ ၃၀၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၀၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၃၁ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၈ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၁,၃၉၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၂၄၆,၅၂၄ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၂,၀၅၉ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၉၆,၅၂၀ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၂၂၅ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၇၄,၉၇၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇% ရှိပြီး ပြန်ကောင်းလာသူ ၇၇.၇% ၊ သေဆုံးနှုန်းက ၂.၁၃% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၉၀.၃% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

ဒီအချက်အလက်တွေအရ မနေ့ကနဲ့နှိုင်းယှဉ်ရင် ပိုးတွေ့နှုန်း အနည်းငယ်လျော့သွားပြီး သေဆုံးနှုန်းက တူညီပြီးတော့ ပြန်ကောင်းလာတဲ့နှုန်းက အနည်းငယ်တိုးလာပါတယ်။ နောက်ခံရောဂါရှိသူ သေဆုံးနှုန်းကလည်း ပိုများလာတာတွေ့ရပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5687343.html

မြန်မာ COVID-19 ကူးစက်သူ ၉၆,၅၂၀၊ သေဆုံးသူ ၂,၀၅၉ ဦးရှိပြီ မြန်မာ COVID-19 ကူးစက်သူ ၉၆,၅၂၀၊ သေဆုံးသူ ၂,၀၅၉ ဦးရှိပြီ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.