မြန်မာ COVID-19 ကူးစက်သူ ၁၂၀,၅၄၆ ယောက်၊ သေဆုံးသူ ၂,၅၅၂ ယောက်

ရန်ကုန်မြို့ Quarantine စင်တာ တခုမှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၇၅၈ ယောက် ထပ်တိုးပြီး သေဆုံးသူက အယောက် ၂၀ ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၉,၅၄၃ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၇၀၃,၂၈၇ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၅၅၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၀,၅၄၆ ယောက် ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၀၁၃ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၁၀၀,၉၄၀ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့အရေအတွက်တွေကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ အရေအတွက် ပိုနည်းပြီး ကူးစက်သူအရေအတွက် ပိုနည်းသလို သေဆုံးသူအရေအတွက်ကလည်း ပိုနည်းပါတယ်။ ရောဂါပျောက်ကင်းသွားသူ အရေအတွက်ကတော့ ပိုများတာတွေ့ရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၈၈% ရှိပြီး ပြန်ကောင်းလာသူ ၈၃.၇၄% ၊ သေဆုံးနှုန်းက ၂.၁၂% ရှိပါတယ်။

ပိုးတွေ့နှုန်း ၄% အောက် ကျဆင်းလာတာ ဒီနေ့ဟာ ပထမဆုံးနေ့ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၉၀% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid/5713252.html

မြန်မာ COVID-19 ကူးစက်သူ ၁၂၀,၅၄၆ ယောက်၊ သေဆုံးသူ ၂,၅၅၂ ယောက် မြန်မာ COVID-19 ကူးစက်သူ ၁၂၀,၅၄၆ ယောက်၊ သေဆုံးသူ ၂,၅၅၂ ယောက် Reviewed by THITHTOOLWIN on 00:04 Rating: 5

No comments:

Powered by Blogger.