ဓာတ်ပုံ - Ye Myo Khant / MPA
ကိုဗစ် -၁၉ကြောင့် ကွာရန်တင်းဝင်နေသူတွေကို ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်က နွယ်အေးစွန္နီဂျာမေဗလီလူမှုရေးအသင်းက စားသောက်ဖွယ်ရာတွေ လှူဒါန်းနေတာဖြစ်ပါတယ်။
"ကျွန်တော်တို့ လှူနေတာ စက်တင်ဘာလကတည်းက စလှူနေတာပေါ့။ ခုဆိုရင်သုံးလပြည့်ပါပြီ။ လူမျိုးမရွေး၊ ဘာသာမရွေး ဆက်သွယ်လာတဲ့သူမှန်သမျှကို ကျွန်တော်တို့အသင်းအနေနဲ့လိုက်လံပို့ဆောင်လှူဒါန်းပေးနေတာပါ"လို့ နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်း အတွင်းရေးမှူးဦးဇော်မင်းလတ်က ပြောပါတယ်။
ဓာတ်ပုံ - Ye Myo Khant / MPAဓာတ်ပုံ - Ye Myo Khant / MPA
ကွာရန်တင်းဝင်သူတွေအတွက် နေ့စဉ် သုံးနပ်စာ၊ တစ်နေ့ကို လူ ၁၆၀၀ ကျော်အတွက် နေ့စဉ် လှူဒါန်းပေးနေတာဖြစ်ပါတယ်။
"တစ်နေ့ကို နှစ်ကြိမ်ပို့ပေးပါတယ်။ နေ့လယ်တစ်ကြိမ် ၊ ညနေတစ်ကြိမ်ပေါ့။မနက်စာကိုကျတော့ ညနေစာနဲ့ ပေါင်းပြီး ကော်ဖီတို့ပေါင်မုန့်တို့ အဆာပြေစားလို့ရမယ့်ဟာမျိုးထည့်ပေးလိုက်တာပေါ့" လို့ အသင်းက အစားသောက်ပို့ဆောင်ပေးနေသူတစ်ဦးက ရှင်းပြပါတယ်။
ဓာတ်ပုံ - Ye Myo Khant / MPAဓာတ်ပုံ - Ye Myo Khant / MPA
အစားအသောက်တွေကို ကျန်းမာရေးနှင့်အညီ စီမံ ချက်ပြုတ်ပေးနေပြီး အသင်းအနေနဲ့ ရန်ပုံငွေမတည်လှူဒါန်းလျက်ရှိပြီး ပြင်ပလှူဒါန်းမှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ဘီဘီစီမြန်မာပိုင်း

No comments:
Post a Comment