ကိုဗစ်ကူးစက်မှုတွေ ရှိနေသေးပေမယ့် နိုင်ငံတကာက လာရောက်မယ့် ခရီးသွားတွေအားလုံး ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်ပြုလိုက်ပြီး မည်သူမဆို ရက်ရှည်ဗီဇာ(Long-Stay special tourist Visa-STV)နဲ့ လာရောက်နိုင်ပြီဖြစ်ပါတယ်။
ဒါပေမဲ့ လာရောက်သူအားလုံးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအခြေအနေအရ ၁၄ ရက် နှစ်ပတ်ကြာ မဖြစ်မနေ သီးသန့်အသွားအလာကန့်သတ်နေထိုင်ရမှာဖြစ်တယ်လို့ ထိုင်းအစိုးရကပြောပါတယ်။
အဲဒီလို STV ဗီဇာနဲ့ လာရောက်သူတွေကို ရက် သုံးဆယ် တစ်လ သို့မဟုတ် ရက် ၆၀ နှစ်လ ဗီဇာသက်တမ်းကို တိုးမြှင့်ပေးထားမယ်လို့လည်း ထိုင်းအခြေစိုက်သတင်းတွေက ဖော်ပြထားပါတယ်။
ထိုင်းမှာ ကိုဗစ်ကူးစက်သူ ၄၅၀၀ ကျော်နဲ့ သေဆုံးသူက ၆၀ ဦးသာ ရှိပါတယ်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ဖြစ်ပွားမှုတွေမြင့်တက်နေတာကြောင့် ထိုင်းကိုလာရောက်လိုသူတွေဟာ ကျန်းမာရေးအာမခံအဖြစ် အမေရိကန်ဒေါ်လာတစ်သိန်းတန် ကျန်းမာရေးအာမခံ ပြသဖို့ ပြီးခဲ့တဲ့ ဇူလိုင်လက သတ်မှတ်ခဲ့ပါတယ်။ အခုတော့ နိုင်ငံတကာခရီးသွားတွေ ပြန်လည်ဝင်ရောက်ခွင့်ပြုရာမှာ ဒီကျန်းမာရေးအာမခံ လိုမလိုဆိုတာတော့ ထိုင်းသတင်းတွေမှာ သီးသန့်ဖော်ပြထားခြင်းမရှိသေးပါဘူး။
ဘီဘီစီမြန်မာပိုင်း

No comments:
Post a Comment