ဟုမ္မလင်း၊ ဒီဇင်ဘာ -၁၈
ဟုမ္မလင်းမြို့ရှိ မြို့မ ရဲစခန်းအချုပ်တွင် အချုပ်သားနှစ်ဦး ဗိုင်းရပ်စ်ပိုးတွေ့ရှိထားသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၃၂ နှစ်အရွယ်အချုပ်သား အမျိုးသားတစ်ဦးပိုးတွေ့ရှိပြီးနောက် အချုပ်သား ၄၀ ကျော်အား ဧည့်တွေ့ခြင်း ကန့်သတ်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် အချုပ်သားသုံးဦး ၊ ရဲဝန်ထမ်းသုံးဦး ၊ ကွာရတင်းဝင်နေသူ ၄ ဦးအား ရောဂါပိုးစစ်ဆေးရာ အသက် ၄၉ နှစ်အရွယ်အချုပ်သားတစ်ဦး ထပ်မံပိုးတွေ့ခြင်းဖြစ်သည်။
" အားလုံးစစ်ဖို့ရာ RDT Test kit မလုံလောက်တော့ နီးစပ်သလောက်တော့ စစ်ပြီးပါပြီ။ ပိုးတွေ့အချုပ်သားနေတဲ့ အခန်းကိုလည်း ဧည့်တွေ့တွေပိတ်တယ် ။မလိုအပ်ပဲ အချုပ်ခန်းနား မသွားလာဖို့ ကန့်သတ်ထားပါတယ်"ဟု မြို့နယ်ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းကပြောသည်။
ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာ ၈ ဦးကုသမှုခံယူနေသည်။ လူနာများနှင့် ဆက်စပ်သူ ၊အခြားဒေသမှ လာ၍ အမှတ် ၁ အထက်တန်းကျောင်းတွင် ကွာရတင်းဝင်နေသူ ၈၈ ဦးရှိသည်။
တင်မျိုးငြိမ်း
Monywa Gazette

No comments:
Post a Comment