သမ္မတရုံးဝန်ထမ်း ရှစ်ဦး ကိုဗစ်ကူးစက်၊ နောက်ဆက်တွဲ ၈၀ ကျော် ဆေးစစ်မည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတွေ့ရစဉ်။ Photo: RFA
သမ္မတရုံး ဝန်ထမ်း ရှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ဒီကနေ့ အတည်ပြုပြောလိုက်ပါတယ်။
နေပြည်တော်က လွှတ်တော်ရုံးဝန်ထမ်း သုံးဦး ပိုးကူးစက်ခံထားရတာတွေ့ရှိပြီးနောက် ဆက်လက်စစ်ဆေးရာမှာ သူတို့နဲ့ အဆောင်အတူနေတဲ့ သမ္မတရုံး ဝန်ထမ်းတစ်ဦးမှာလည်း ပိုးကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီနောက် နောက်ဆက်တွဲ စစ်ဆေးရာမှာ အဆောင်အတူနေတဲ့ နောက်ထပ် သမ္မတရုံးဝန်ထမ်း ရှစ်ဦးမှာလည်း ပိုးကူးစက်ခံထားရတာတွေ့ရှိခဲ့တာလို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါကြောင့် ဝန်ကြီးရုံးအပါအဝင် စုစုပေါင်းဝန်ထမ်း ၈၀ ဦးကို ဆက်လက်စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
ဒီဝန်ထမ်းတွေဟာ နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့သူတွေမဟုတ်တာကြောင့် နိုင်ငံတော်အကြီးအကဲတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ဦးဇော်ဌေးကပြောပါတယ်။
ပိုးတွေ့ဝန်ထမ်းတွေနေထိုင်တဲ့ အဆောင်ကို လက်ရှိမှာအသွားအလာ ကန့်သတ်ချိတ်ပိတ်ထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/president-office-corona-12232020082728.html

No comments:
Post a Comment