ငပလီမြို့ ဂျိတ္တောတွင် ဓားထိုးမှုဖြစ်

ဓာတ်ပုံ - ဇွဲထက်မာန်

နိရဥၥရာ၊ ဒီဇင္ဘာလ ၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ ဂျိတ္တောအကွက် (၇)တွင် ယနေ့ညနေပိုင်းက ဓားထိုးမှုဖြစ်ပြီး တစ်ဦးဒဏ်ရာရရှိကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။

ဓားထိုးခဲ့ရသူမှာ ဂျိတ္တောအကွက် (၇) နေသူ အသက် (၄၅) နှစ်ခန့်အရွယ်ရှိ ဂျိုကာဆိုသူ ဖြစ်ကြောင်း ဂျိတ္တော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက အတည်ပြုပြောကြားသည်။

“ ဒီနေ့ ညပိုင်း ၆ နာရီခန့်က အချင်းချင်း ရန်ဖြစ်ရာက အရှည် ၆ လက်မရှိတဲ့ ဓားနဲ့ ထိုးတာလို့ သိရတယ်။ အချင်းချင်းရန်ဖြစ်လို့ ဖြစ်တာလို့ ထိုးတာလို့ သိရတယ်။ တရားခံကိုတော့ ဖမ်းမိထားတယ်"ဟု ပြောသည်။

ဂျိတ္တောစခန်းမှူး ရဲအုပ်ထွန်းနိုင်ဦးက ဖြစ်စဉ်အား အတည်ပြုပြီး လက်ရှိ တရားခံကို စစ်ဆေး မေးမြန်းနေကြောင်း ပြောကြားသည်။

ဓားထိုးခံရသူ ဂျိုကာမှာ ဒဏ်ရာပြင်းထန်သဖြင့် သံတွဲဆေးရုံတွင် အော်ပရေးရှင်းခန်းတွင် ကုသနေကြောင်း ဦးဇော်ဇော်ထွန်းက ပြောသည်။


သျှင်မင်းဇံ

Narinjara

https://www.facebook.com/narinjara.info

ငပလီမြို့ ဂျိတ္တောတွင် ဓားထိုးမှုဖြစ် ငပလီမြို့ ဂျိတ္တောတွင် ဓားထိုးမှုဖြစ် Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.