ပင်လည်ဘူး - ဒီဇင်ဘာ ၁၇
ကောလင်းခရိုင် ဝန်းသိုမြို့တွင် ကိုဗစ်လူနာ နှစ်ဦး ယနေ့တွေ့ရှိကြောင်း မြို့နယ်ထွေအုပ်မှ သတင်းရရှိသည်။
ယနေ့ နံနက်ပိုင်းက လူ ၅၃ဦးကို Test kit ဖြင့် စစ်ရာ ခပ်ချိုကျေးရွာနေ မန္တလေးပြန် အမျိုးသား တစ်ဦးနှင့် အချုပ်ကျခံနေရသူ အမျိုးသား တစ်ဦးတို့ ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။
မန္တလေးပြန် ပိုးတွေလူနာသည် ကျေးရွာအနီးရှိ တဲအိမ်တွင် စောင့်ကြည့်အဖြစ်ထားရှိပြီး ထိစပ်မှု မရှိဟုဆိုသည်။
ပိုးတွေ့အချုပ်သားမှာ လွန်ခဲ့သော နှစ်လခန့်ကတည်းက ဝတ်းသိုမြို့ရဲစခန်းအချုပ်တွင် ထားရှိသူဖြစ်သည်။
"ခြေချုပ် ခံဝန်နဲ့ အချုပ်ကျနေသူ တစ်ဦးပါ။ သူနဲ့ထိတွေ့မှု သံသယရှိသူ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း မနက်ဖြန် စစ်ဆေးသွားမှာပါ"ဟု ဝန်းသိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း ကပြောသည်။
အချုပ်သား ၂၀ဦး စစ်ဆေးခဲ့ရာ ၄င်းတစ်ဦးသာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပိုးတွေ့ လူနာ နှစ်ဦးကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးထားသည်။
မောင်စိန်ချို
Monywa Gazette

No comments:
Post a Comment