ဧရာဝတီမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့

ဧရာဝတီမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ ပုသိမ်အကျဉ်းထောင်ကို ၂၀၂၀ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ် / Photo: Soe Thine/RFA

ဧရာဝတီတိုင်းထဲမှာ အကျဉ်းသားနဲ့ အချုပ်သား ၈၂၅ ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင် က ပြောပါတယ်။

“အခုအချိန်အထိ စာရင်း ပြောရမယ် ဆိုလို့ရှိရင် အကျဉ်းသားနဲ့ အချုပ်သား စစ်ဆေးမှု အားလုံးပေါင်း ၈၂၅ ဦး ရှိပြီးတော့ လက်ရှိအချိန်အထိ စုစုပေါင်း ၁၃၇ ဦး ပိုးကူးစက်ခံရတာတွေ့ရှိထားပါတယ်။ ကျန်တဲ့ အကျဉ်းထောင်တွေက လွတ်တဲ့လူပေါ့။ လွတ်တဲ့လူတွေကို စစ်တဲ့အခါမှာ မြောင်းမြက တစ်ယောက်ပါမယ်။ အခုထပ်တွေ့တာက ဘိုကလေးမှာက ၂၈ ရက်၊ ၁၂ လမှာ ၂၈ ယောက် ထပ်တွေ့ပါတယ်”

အကျဉ်းသားသစ်တွေနဲ့ အချုပ်သားသစ်တွေနဲ့ ထောင်က လွတ်မယ့်လူတွေ အချုပ်သားသစ်တွေကို စစ်ဆေးတာဖြစ်ပါတယ်။

မအူပင်အကျဉ်းထောင်မှာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပိုးကူးစက်ခံရသူ အကျဉ်းသား ၁၀၆ ယောက်နဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဘိုကလေးမြို့နယ်က အချုပ်သား ၂၈ ဦးတို့ ပါဝင်ပါတယ်။

ဘိုကလေးမြို့နယ်မှာ တွေ့ရှိတဲ့ အချုပ်သား ၂၈ ဦးကတော့ ကုသဆဲဖြစ်တယ်လို့ ဒေါက်တာသီဟအောင် က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ခရိုင်အဆင့် အကျဉ်းထောင် ငါးခုနဲ့ အကျဉ်းစခန်း လေးခု စုစုပေါင်း ၉ ခု ရှိပါတယ်။

ဧရာဝတီတိုင်းအတွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့ ပြည်သူ့ကျန်းမာရေးဌာနတွေက လှူဒါန်းမှုတွေ လိုအပ်နေတယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

“အားတော့ အားနာပါတယ်။ ပြည်သူတွေက လှူဒါန်းဖို့က ဆေးရုံတွေကိုတော့ လှူပါတယ်။ မဆိုးဘူးပေါ့ ။ ပြည်သူ့ကျန်းမာကျတော့လည်း Swab စစ်တဲ့လူတွေကို ကျနော် ကြည့်နေတာ၊ သူတို့က ငွေရေးကြေးရေး မပြည့်စုံဘူး။ ကားနဲ့ မသွားနိုင်ဘူး၊ လမ်းလျှောက်လာရတယ်။ ဆိုင်ကယ် Taxi ဖိုး ဆီမရှိဘူး။ အဲဒါတွေက ပန်တိုင်ဂိတ်ဆိုလည်း ဒီအတိုင်းပါပဲ၊ ကူးစက်မှုကလည်း ခံရဖို့ အန္တရာယ်လည်းရှိတယ် နောက်ပြီးတော့ မပြည့်စုံဘူး။ ဒါလေးတွေကြောင့် တတ်နိုင်သလောက် ပြည်သူ့ကျန်းမာဘက်ကိုလည်း လှူစေချင်တယ်“

ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းအထိ ဧရာဝတီတိုင်းထဲမှာ အတည်ပြုလူနာ ၄၄၆၉ ဦးရှိနေပြီး ကုသဆဲလူနာ က ၅၂၇ ဦး နဲ့ သေဆုံးသူ ၃၈ ဦးရှိနေပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/corona-in-irrawaddy-division-12302020051057.html

ဧရာဝတီမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့  ဧရာဝတီမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ Reviewed by THITHTOOLWIN on 00:28 Rating: 5

No comments:

Powered by Blogger.