ဆိပ်ဖြူ မြို့နယ်၌ အမျိုးသမီးတစ်ဦး အနော်ရထာတံတားပေါ်မှ ခုန်ချမှုဖြစ်ပွား


ဆိပ်ဖြူ   နိုဝင်ဘာ   ၃၀

 မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ချောက်-ဆိပ်ဖြူ အနော်ရထာတံတားပေါ်မှ နိုဝင်ဘာ  ၃ဝ ရက်  နံနက် ၉နာရီ ၄၅ မိနစ်ခန့်က  အမျိုးသမီးတစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ချောက်ဆိပ်ဖြူ အနော်ရထာတံတားအလယ် P-6 နှင့် P-7 ကြားတွင် ဆိုင်ကယ်ရပ်၍ တံတားပေါ်မှ အမျိုးသမီးတစ်ဦး ဧရာဝတီမြစ်ထဲသို့ ခုန်ချသွားကြောင်း ခရီးသွားပြည်သူတစ်ဦးက အနော်ရထာတံတားထိပ် ရဲကင်း ကိုဗစ်(၁၉) ရောဂါ ကာကွယ်စစ်ဆေးရေးအဖွဲ့သို့ သတင်းပေချက်အရ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသတင်းပေးပို့ခဲ့ပြီး ၊မြို့နယ် အုပ်ချုပ်ရေးမှူး ၊မြို့နယ်မီးသတ် ဦးစီးမှူး ၊ဆိပ်ဖြူမြို့မရဲစခန်းမှူးနှင့် တာဝန်ရှိသူများ အခင်ဖြစ်ရာသို့သွားရောက်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရေလုပ်သားများပူးပေါင်း၍ မီးသတ်တပ်ဖွဲ့ပိုင်ကယ်ရှာဖွေကယ်ဆယ်ရေး ရေယာဉ်နှင့် ရေလုပ်သားလှေများဖြင့် ဧရာဝတီမြစ်အတွင်း လိုက်လံရှာဖွေခဲ့ရာ နံနက် ၁ဝနာရီ ၂၅ မိနစ်ခန့်တွင် ရေလည်ကျွန်းကျေးရွာ (ရွာဟောင်း)ထိပ်အနီး မြစ်အလယ်တွင် တံတားပေါ်မှ ခုန်ချခဲ့သူ   ဆိပ်ဖြူမြို့နေ မဆုသိင်္ဂီအောင် (၂၉)နှစ်အား သေဆုံးလျက် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည် ။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့မရဲစခန်းမှ မြို့မှ စခန်းမှူး ဒုရဲမှူးသူရမင်းက တရားလိုပြုလုပ်၍ အမှုဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။                                                             


ကိုဇွဲ(အညာမြေ)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဆိပ်ဖြူ မြို့နယ်၌ အမျိုးသမီးတစ်ဦး အနော်ရထာတံတားပေါ်မှ ခုန်ချမှုဖြစ်ပွား ဆိပ်ဖြူ မြို့နယ်၌ အမျိုးသမီးတစ်ဦး အနော်ရထာတံတားပေါ်မှ ခုန်ချမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:51 Rating: 5

No comments:

Powered by Blogger.