ဘရက်ဇစ်အလွန် အီးယူနဲ့ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို ယူကေဝန်ကြီးချုပ် ကြိုဆို

Boris Johnson

အီးယူကနေ ယူကေ ခွဲထွက်ပြီးနောက် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရခဲ့ပြီ ဖြစ်ပြီး ငါးဖမ်းခွင့်နဲ့ အနာဂတ် စီးပွားရေး စည်းမျဥ်းတွေနဲ့ ပတ်သက်ပြီး လပေါင်းများစွာ သဘောမတူနိုင် ဖြစ်ခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လန်ဒန် ဒေါင်းနင်းလမ်းမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က "ကျွန်တော်တို့ရဲ့ ဥပဒေတွေနဲ့ အနာဂတ်ကံကြမ္မာ ကို ပြန်ယူနိုင်ခဲ့ပြီ"လို့ ပြောပါတယ်။

ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဖွန်ဒါလီယန်က ဒီသဘောတူညီချက်က မျှတတဲ့ သဘောတူညီချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ငါးဖမ်းလုပ်ငန်းကဏ္ဍအတွက် ငါးနှစ်ခွဲ အကူးအပြောင်းကာလ ရရှိမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဂျာမနီ နိုင်ငံမှာလည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ပထမဆုံး ကာကွယ်ရေး ဝန်ကြီးဖြစ်လာခဲ့သူ အာဆူလာ ဖွန်ဒါလိုင်ယန်

ရာသီဥတု အပြောင်းအလဲ၊ စွမ်းအင်၊ လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို ယူကေ ပါလီမန်က မဲခွဲဖို့ ဒီဇင်ဘာ ၃၀ မှာ လွှတ်တော်ခေါ်ယူနိုင်ဖို့ မျှော်လင့်တယ်လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။ ဒါ့အပြင် အီးယူပါလီမန်ကလည်း ဒါကို အတည်ပြုဖို့ လိုပါတယ်။

ဒီလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ အပြည့်အစုံကိုတော့ လာမယ့် ရက်တွေ အတွင်း ထုတ်ပြန်နိုင်ဖွယ် ရှိပါတယ်။

သဘောတူညီချက် မရဘဲ အီးယူက ထွက်ရင် လာမယ့်နှစ်မှာ နိုင်ငံရဲ့ ဝင်ငွေ ၂ ရာခိုင်နှုန်း ကျုံ့သွားနိုင်ပြီး အဲဒါကနေ အလုပ်လက်မဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ အစိုးရရဲ့ စီးပွားရေး စောင့်ကြည့်လေ့လာတဲ့ ဘတ်ဂျက်ရေးရာရုံးက သတိပေးထားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55440569

ဘရက်ဇစ်အလွန် အီးယူနဲ့ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို ယူကေဝန်ကြီးချုပ် ကြိုဆို ဘရက်ဇစ်အလွန် အီးယူနဲ့ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို ယူကေဝန်ကြီးချုပ် ကြိုဆို Reviewed by THITHTOOLWIN on 07:57 Rating: 5

No comments:

Powered by Blogger.