ကိုဗစ် - တောင်အာဖရိက ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ယူကေမှာတွေ့


ကူးစက်မှု ပိုမြန်ဆန်တဲ့ နောက်ထပ် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှု နှစ်ခုကို ယူကေမှာ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောပါတယ်။

အဲဒီကူးစက်ခံရသူ နှစ်ဦးလုံးဟာ တောင်အာဖရိကနိုင်ငံကို ခရီးသွားခဲ့ကြသူတွေ ဖြစ်ပြီး အဲဒီနိုင်ငံမှာက ကူးစက်မှု ရုတ်တရက် မြင့်တက်စေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်ကို တွေ့ရှိနေတာ ဖြစ်ပါတယ်။

အခုတော့ တောင်အာဖရိကနဲ့ ခရီးသွားလာမှုတွေ တားမြစ်ချက်တွေ ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။

နှစ်ပတ်အတွင်း တောင်အာဖရိကကို ခရီးသွားခဲ့သူတွေနဲ့၊ သူတို့နဲ့ ထိစပ်ခဲ့သူတွေဟာ ချက်ချင်းသီးခြားခွဲနေ ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

တောင်အာဖရိကက ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ့ရှိတာကို ပွင့်လင်းမြင်သာမှု ရှိရှိလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီးလည်း ယူကေ ကျန်းမာရေးဝန်ကြီးက အားရကျေနပ်တယ်လို့ ပြောပါတယ်။

ယူကေနဲ့ တောင်အာဖရိကက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် နှစ်မျိုးလုံးမှာ ဗီဇပြောင်းလဲတာတချို့တူညီပေမဲ့ သီးခြားစီ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

နှစ်ခုလုံးမှာ လူတွေရဲ့ ဆဲလ်တွေမှာ ကူးစက်စေတဲ့ အဓိက အပိုင်းဖြစ်တဲ့ N501Y ဆိုတဲ့ ဗီဇပြောင်းလဲမှု ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55427630

ကိုဗစ် - တောင်အာဖရိက ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ယူကေမှာတွေ့  ကိုဗစ် - တောင်အာဖရိက ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ယူကေမှာတွေ့ Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.