မော်လမြိုင်ကျွန်းမြို့နယ် ဖိုးခမှီဒေါင့်ကျေးရွာ၌ မောင်နှမသုံးဦး သေတ္တာထဲဝင်ရောက်ကစားရာမှ အသက်ရှူကြပ် သေဆုံးခြင်းဖြစ်ပွား
မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၈
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့ နယ်အတွင်းရှိ ဖိုးခမှီဒေါင့် ကျေးရွာတွင် မောင်နှမသုံးဦး သေတ္တာထဲ ဝင်ရောက်ကစားကြရာမှ အသက်ရှူကြပ်သေဆုံးမှုဖြစ်ပွားခဲ့သည်။
ယမန်နေ့ နံနက်ပိုင်းအချိန်က မိဘနှစ်ပါးစလုံး လယ်ထဲသို့ သွားနေစဉ် မောင်ဖြိုးခန့်ကျော်( ၈ နှစ်) ၊ မောင်သက်တိုးအောင်( ၆ နှစ်) နှင့် မဝေဝေအောင်( ၁ နှစ် ၈ လ) မောင်နှမ သုံးဦးတို့သည် နေအိမ်အတွင်းရှိ သေတ္တာထဲဝင်ရောက်ဆော့ကစားခဲ့ရာမှ အသက်ရှုကြပ်၍ မောင်နှမသုံးဦးစလုံး သေဆုံးခဲ့သည်။
သေဆုံးသူ ကလေးငယ်များအား မြို့နယ် ကုတင် (၁၀၀) ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး ကျိုက်ပိကျေးရွာအုပ်စု ရဲစခန်းတွင် သေမှုသေခင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီတာအောင် (ပြန်/ဆက်)
Myanmaalinn
မော်လမြိုင်ကျွန်းမြို့နယ် ဖိုးခမှီဒေါင့်ကျေးရွာ၌ မောင်နှမသုံးဦး သေတ္တာထဲဝင်ရောက်ကစားရာမှ အသက်ရှူကြပ် သေဆုံးခြင်းဖြစ်ပွား
Reviewed by THITHTOOLWIN
on
00:14
Rating:

No comments:
Post a Comment