ဟုမ္မလင်း၊ ဒီဇင်ဘာ -၂၄
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်နစ်ကျေးရွာအနီး ရွှေမျောလုပ်ငန်းရှင်တစ်ဦးအား ဆက်ကြေးမပေးဟုဆိုကာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။
ပစ်ခတ်ခံရသူသည် ဘယ်ဘက်ရင်အုံတွင် ဒဏ်ရာရပြီး ဟုမ္မလင်းမြို့ဆေးရုံတွင် တက်ရောက်ကုသနေသည်။
ပစ်ခတ်သွားသူများမှာ အရပ်ဝတ်များ ဝတ်ဆင်ထား၍ မည့်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဟု မသိကြောင်း ၎င်းက ဆိုသည်။
ပစ်ခတ်မှုသည် ယခုလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူမှာ အသက် ၂၇ နှစ်ရှိ ရှမ်းအမျိုးသားတစ်ဦးဖြစ်သည်။
ပစ်ခတ်ခံရမှုအပေါ် ရဲတပ်ဖွဲ့ထံ အမှုဖွင့်အကြောင်းကြားထားခြင်းမရှိသေးဟု ကာယကံရှင်က ပြောသည်။
နမ့်နစ်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်စပ်ကျေးရွာတစ်ခု ဖြစ်သည်။
တင်မျိုးငြိမ်း
Monywa Gazette

No comments:
Post a Comment