မိုင်းဖြတ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၈ နာရီ ခန့်က လင်မယားချင်းစကားများရာမှ ခင်းပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဒေသလုပ် တူမီးသေနတ်ဖြင့် ပစ်ခဲ့ရာ ဇနီးဖြစ်သူ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ညီမဖြစ်သူ နာမီးကို သေသည်အထိ တူမီးသေနတ်ဖြင့် ပစ်ခတ်သူ ကျဖေ့ (၃၅) နှစ်အား နာမီး၏ အကိုဖြစ်သူ ဦးကျစောမှ ဥပဒေအရ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်တန်းသဖြင့် မိုင်းဖြတ်မြို့မရဲစခန်းက အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Myanmaalinn
မိုင်းဖြတ်၌ လင်မယားချင်း စကားများ၍ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ဇနီးဖြစ်သူ သေဆုံး
Reviewed by THITHTOOLWIN
on
23:55
Rating:

No comments:
Post a Comment