နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ယာယီကန့်သတ်


မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှု ကာလကို  COVID-19 ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး  အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၀-၁၁-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရေးနှင့် နိုင်ငံတော်နှင့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၏ အမှန်တကယ် လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညှိနှိုင်းမှုဖြင့်   ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏  ခွင့်ပြုချက်ဖြင့် (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်ထားသည်။


The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ယာယီကန့်သတ် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ယာယီကန့်သတ် Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.