အမေရိကန် လူဦးရေတိုးနှုန်း ကျဆင်း

နယူးယောက်မြို့မှာတွေ့ရတဲ့ လမ်းသွားလမ်းလာတချို့။ (နိုဝင်ဘာ ၁၆၊ ၂၀၂၀)

ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၂၀ အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ တိုးတက်မှုနှုန်းဟာ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်မှာ အနိမ့်ဆုံးနှုန်း ထိရောက်လာပါတယ်။ လူဦးရေ ၃၂၉ သန်းကျော်ရှှိတဲ့ အမေရိကန်နိုင်ငံမှာ လူဦးရေ တိုးတက်မှုနှုန်းက ၂၀၁၉ ဇူလိုင်လကနေ ၂၀၂၀ ဇူလိုင်လအတွင်း ၀.၃၅% နဲ့ လူဦးရေစုစုပေါင်း ၁.၁ သန်းပဲ တိုးလာတာကို အမေရိကန် သန်းခေါင်စာရင်းဗျူရိုရဲ့ အင်္ဂါနေ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေအပေါ် ကန့်သတ်ပိတ်ပင်မှု ချမှတ်တာနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာတာတွေကြောင့် အမေရိကန်မှာ လူဦးရေးတိုးတက်မှု ကျဆင်းနေတာ နှစ်နဲ့ချီရှိနေပြီလို့လည်း The Brooking Institute လူဦးရေစာရင်းကောက်ယူမှုဌာနက သုတေသနပညာရှင် William Frey ကပြောပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ဒီအခြေအနေတွေ ပိုဆိုးလာစေတယ်လို့လည်း ဆိုပါတယ်။ 1918 ခုနှစ်မှာ Spanish Flu လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါ ပေါ်ပေါက်ခဲ့တဲ့အချိန်တုန်းကတောင် အမေရိကန်မှာ လူဦးရေတိုးတက်မှုနှုန်းက ခုလက်ရှိအနေအထားထက်ပိုများပြီး ၀.၄၉% ထိရှိခဲ့တာပါ။ အမေရိကန်မှာ နေထိုင်ကြတဲ့ လူဦးရေ သန်းခေါင်စာရင်းကို သီးခြားလွတ်လပ်တဲ့အဖွဲ့က ကောက်ယူထားတာဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-population-decline/5710091.html

အမေရိကန် လူဦးရေတိုးနှုန်း ကျဆင်း အမေရိကန် လူဦးရေတိုးနှုန်း ကျဆင်း Reviewed by THITHTOOLWIN on 00:56 Rating: 5

No comments:

Powered by Blogger.