စစ်ကိုင်း နိုဝင်ဘာ ၃၀
စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်တွင် လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်က စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်နေ ဦးထွန်းထွန်းဝင်း (ခ)ဦးတိုး (၅၁)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်း (၄၈)နှစ် တို့ စကားများပြီး ခင်ပွန်းဖြစ်သူအား အိမ်သုံးဟင်းလှီးဓားဖြင့် ထိုးမည်ဟု ကြိမ်းဝါးပြီး ခဏခဏ ဆူပူအော်ဟစ်နေသဖြင့် ဦးတိုးက သစ်သားတုတ်ဖြင့် ဦးခေါင်းအား ရိုက်နှက်ခဲ့ရာ မလဲ့လဲ့ဝင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပန်းဘဲတန်းရပ်ကွက်နေ ဦးထွန်းထွန်းဝင်း (ခ)ဦးတိုး (၅၁)နှစ် ကို စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့်လှစ်၍ ဆက်လက် အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သိရသည်။
ခိုင်ဇေယျ
Myanmaalinn

No comments:
Post a Comment