မိုင်းဖုန်းဆရာတော် တရားကျင့်ကြံသည့် မိုင်းကျက်ဂူသို့ သွားသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် အသိပေး


နိုဝင်ဘာ ၃၀ ရက် ၂၀၂၀

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း မိုင်းဖုန်းဆရာတော် တရားကျင့်ကြံနေသည့် မိုင်းကျက်ဂူ သို့ သွားခဲ့သည့်သူများ နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် အသိပေးထားသည်။

မိုင်းကျက်ဂူသို့ တာချီလိတ်မှ သွားခဲ့သူ တဦး တွင် ကိုဗစ်-၁၉  ပိုးတွေ့ရှိပြီး၊ထို့ကြောင့်  နိုဝင်ဘာ (၂၆) မှ (၂၈) ရက်အတွင်း မိုင်းကျတ်ဂူသို့ သွားရောက်ခဲ့သူများ နီးစပ်သူများ ကျန်းမာရေး ဌာနထံ အမြန်ဆုံး ဆက်သွယ်ရန် အသိပေးထားကြောင်း သိရသည်။

“မိုင်းကျက်ဂူကို အတည်ပြု လူနာ တစ်ဦးသွားတယ်ဆိုတာ ဟုတ်ပါတယ်ခင်ဗျာ။ မြို့နယ်တွေကို အကြောင်းကြားထားပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေ မြို့နယ်အတွင်းမှာရှိတဲ့လူတွေ ဒီရက်ပိုင်း ရက်ပိုင်းအတွင်း တရားပွဲကို သွားထားတဲ့သူရှိရင် သတင်းပို့ဖို့ ရှာဖွေဖော်ထုတ်ဖို့ Quarantine ထားဖို့ စစ်ဆေးဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်နေပါတယ် ” ဟု တာချီလိတ် ဆေးရုံအုပ် ဒေါက်တာလင်းထွဋ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းကျက်ဂူသို့ သွားခဲ့သည့် တာချီလိတ်မှ အမျိုးသားတစ်ဦးသည် ကိုဗစ်-၁၉  ကူးစက်ခံထားရသည်ကို ယနေ့ နိုဝင်ဘာ (၃၀ )ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တရားပွဲ စတဲ့နေ့က နိုဝင်ဘာ (၂၆) ရက်နေ့ တရားပွဲက ၃ ရက်လို့ ကနဦး သိထားပါတယ်။ ၂၆ ကနေ ၂၈ ဖြစ်မှာပေါ့။ သွားတဲ့သူများတဲ့နေ့က ၂၆ နဲ့ ၂၇ (၂၈) ရက်နေ့တော့ ပြန်ကြတယ်လိုှ့ ပြောကြတယ်။” ဒေါက်တာ လင်းထွဋ်ဦး ကပြောသည်။

မိုင်းကျက်ဂူသို့ ဘုရားပင့်ဆောင်သွားခြင်း ကထိန်သင်္ကန်းကပ်လှူခြင်းများ ပြုလုပ်ခဲ့ပြီး သွားရောက်ဖူးမျှော်သူ များပြားကြောင်းလည်း သိရသည်။

ယနေ့ နိုဝင်ဘာ (၃၀) တွင် တာချီလိတ်မြို့မှာ ကိုဗစ်(၁၉ ) အတည်ပြု လူနာ (၁၂) ဦး တွေ့ရှိထားကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မိုင်းဖုန်းဆရာတော် တရားကျင့်ကြံသည့် မိုင်းကျက်ဂူသို့ သွားသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် အသိပေး မိုင်းဖုန်းဆရာတော် တရားကျင့်ကြံသည့် မိုင်းကျက်ဂူသို့ သွားသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် အသိပေး Reviewed by THITHTOOLWIN on 00:44 Rating: 5

No comments:

Powered by Blogger.