AstraZeneca ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးဖို့ ဗြိတိန်ခွင့်ပြု

AstraZeneca ကိုဗစ်ကာကွယ်ဆေးပုလင်းများ။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)

Oxford တက္ကသိုလ်နဲ့ ယူကေအခြေစိုက် AstraZeneca ကုမ္ပဏီတို့ ပူးတွဲ သုတေသနပြုထုတ်လုပ်တဲ့ COVID-19 ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ ဗြိတိန်နိုင်ငံက ဒီကနေ့ ခွင့်ပြုလိုက်ပါပြီ။

ဒါဟာဖြင့် ဗြိတိန်နိုင်ငံအနေနဲ့ ဒုတိယမြောက် ကိုဗစ်ရောဂါကာကွယ်ဆေးကို ခွင့်ပြုတာဖြစ်ပြီး Oxford-AstraZeneca ကာကွယ်ဆေးကိုသုံးဖို့ ပထမဆုံး အတည်ပြုတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အခုလို ခွင့်ပြုလိုက်တဲ့အပေါ် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က Twitter မှာ ချီးကျူးရေးသားခဲ့ပါတယ်။ "တကယ့်သတင်းကောင်းဖြစ်ပြီး ဗြိတိသ ျှသိပ္ပံပညာအတွက် အောင်မြင်မှုတခုပါပဲ။ အခုဆိုရင် လူအရေအတွက် များနိုင်သမ ျှ များများကို မြန်နိုင်သမ ျှမြန်မြန် ကာကွယ်ဆေးထိုးပေးနိုင်တော့မှာဖြစ်ပါတယ်။" လို့ ဝန်ကြီးချုပ် Johnson က ဒီကနေ့ Twitter မှာရေးခဲ့တာပါ။

အခုကာကွယ်ဆေးဟာ ပထမအတည်ပြုထားတဲ့ အမေရိကန်ကုမ္ပဏီ Pfizer နဲ့ BioNTech ဂျာမန်ကုမ္ပဏီတို့ရဲ့ ကာကွယ်ဆေးထက် ထိန်းသိမ်းသိုလှောင်ပို့ဆောင်ရတာ လွယ်ကူပြီး "ကမ္ဘာ့ကာကွယ်ဆေး" ဖြစ်လာဖို့ ထုတ်လုပ်သူတွေက မေ ျှာ်မှန်းထားပါတယ်။

Oxford-AstraZeneca ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကို ဗြိတိန်နိုင်ငံက ဝယ်ယူထားပြီး ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကိုတော့ ဗြိတိန်က လူသိန်းပေါင်းများစွာအတွက် ထိုးပေးပြီးပါပြီ။

Oxford-AstraZeneca ကာကွယ်ဆေးကို ဗြိတိန်၊ ဘရာဇီးလ်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ လူပေါင်း ၂၄,၀၀၀ နီးပါးနဲ့ စမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ ဒီဆေးဟာ ဘေးအန္တရာယ်ကင်းပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ၇၀% နီးပါး ကာကွယ်ပေးနိုင်တယ်ဆိုတာ တွေ့ထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/astrazeneca-covid-vaccine/5718443.html

AstraZeneca ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးဖို့ ဗြိတိန်ခွင့်ပြု AstraZeneca ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးဖို့ ဗြိတိန်ခွင့်ပြု Reviewed by THITHTOOLWIN on 01:15 Rating: 5

No comments:

Powered by Blogger.