ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ် RCEP မြန်မာအတွက် ဘာအကျိုးရှိမလဲ


ဈေးကွက်စဖွင့်မယ့် အချိန်ကစပြီး မြန်မာပို့ကုန်တွေထဲက ၆၅ရာခိုင်နှုန်းကို အခွန်လွတ်ပို့နိုင်မှာဖြစ်လို့ ကိုဗစ်ကာလအလွန် အကျိုးသက်ရောက်မှုအများအပြားဖြစ်လာမယ်လို့လည်း ဦးသန်းအောင်ကျော်က ပြောပါတယ်။

ဈေးကွက်စဖွင့်မယ့် အချိန်ကစပြီး မြန်မာပို့ကုန်တွေထဲက ၆၅ရာခိုင်နှုန်းကို အခွန်လွတ်ပို့နိုင်မှာဖြစ်လို့ ကိုဗစ်ကာလအလွန် အကျိုးသက်ရောက်မှုအများအပြားဖြစ်လာမယ်လို့လည်း ဦးသန်းအောင်ကျော်က ပြောပါတယ်။

အာဆီယံ ၁၀နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ သြစတေးလျ၊ တောင်ကိုရီးယားတို့အပါအဝင် အဖွဲ့ဝင် ၁၅နိုင်ငံပါတဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် (RCEP) ကို နိုဝင်ဘာလ ၁၅ရက်နေ့မှာ မြန်မာက ပါဝင်ပြီး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ရက်မှာ မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့အတွက် စာချုပ်အကောင်အထည်ဖော်ရေးကို သက်ဆိုင်ရာနိုင်ငံတွေက ပြင်ဆင်ဆောင်ရွက်ဖို့ လုပ်နေရတော့မှာ ဖြစ်ပါတယ်။

စာချုပ် အသက်ဝင်အကောင်အထည်ဖော်မယ့်အချိန်ကတော့ စာချုပ်ချုပ်ပြီး တစ်နှစ်ခွဲကနေ နှစ်နှစ်အတွင်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံခြားစီးပွားဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဘီဘီစီကိုပြောပါတယ်။

အခုစာချုပ်ပါ နိုင်ငံတွေရဲ့ စုစုပေါင်း ကုန်ထုတ်လုပ်မှုတန်ဖိုးက ဒေါ်လာ ၂၆.၂ ထရီလီယံရှိပါတယ်။ အဲဒီပမာဏက တစ်ကမ္ဘာလုံးရဲ့ ကုန်ထုတ်လုပ်မှုတန်ဖိုးတစ်ခုလုံးရဲ့ ၃၀ရာခိုင်နှုန်းအထိရှိနေပါတယ်။ ဒါ့အပြင် စာချုပ်ပါအဖွဲ့ဝင်နိုင်ငံတွေထဲက ကုန်သွယ်မှုပမာဏကလည်း တစ်ကမ္ဘာလုံး ကုန်သွယ်မှုရဲ့ ၂၈ရာခိုင်နှုန်းရှိတာကြောင့် အခု စာချုပ်ဟာ ကမ္ဘာအကြီးဆုံး ကုန်သွယ်မှုစာချုပ် တစ်ခုလည်းဖြစ်တယ်လို့ နိုင်ငံခြားစီးပွားဆက်ဆံရေးဦးစီးဌာန က သိရပါတယ်။

စာချုပ်ကို အကောင်အထည်စဖော်တာနဲ့ အခုစာချုပ်ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စာချုပ်အဖွဲ့ဝင် အခြားနိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ တင်သွင်းမယ့် ကုန်ပစ္စည်းအားလုံးရဲ့ ၆၅ရာခိုင်နှုန်းကိုအခွန်လွတ် တင်သွင်းခွင့်ရရှိမယ့်အခွင့်အရေးတွေလည်း ပါဝင်ပါတယ်။

ဒါက အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်နေတဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုစတဲ့ နိုင်ငံတွေကလည်း ရရှိကြမှာပါ။

အခြား အဖွဲ့ဝင်နိုင်ငံတွေကတော့ အဲဒီသုံးနိုင်ငံကို တင်ပို့မယ့်ပစ္စည်းအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းအထိသာ အခွန်ကင်းလွတ်ခံစားခွင့်ရှိပါတယ်။ ဒါကလည်း ဆင်းရဲမှုစာရင်းဝင် နိုင်ငံတွေအတွက် စာချုပ်ပါ အကျိုးခံစား ခွင့်ကို ထည့်သွင်းပေးထားတာလည်း ဖြစ်ပါတယ်။

စာချုပ် အကောင်အထည်ဖော်ပြီး ၁၀နှစ်ကြာရင်တော့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုကလွဲရင် ကျန်နိုင်ငံတွေက စာချုပ်ပါနိုင်ငံတွေကို တင်သွင်းတဲ့ ကုန်ပစ္စည်း အားလုံးစုစုပေါင်းရဲ့ ၈၀ရာခိုင်နှုန်းအထိ အခွန်လွတ်ဖြစ်မှာပါ။ ဒါပေမဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေကိုတင်သွင်းမယ်ဆိုရင် တော့ ၁၅နှစ်ကြာမှ တင်သွင်းမယ့် ကုန်ပစ္စည်းအားလုံးရဲ့ ၈၀ရာခိုင်နှုန်းကို အခွန်လွတ် ခွင့်ပြုပေးမှာဖြစ်ပါတယ်။

အာဆီယံ ၁၀နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ သြစတေးလျ၊ တောင်ကိုရီးယားတို့အပါအဝင် အဖွဲ့ဝင် ၁၅နိုင်ငံပါတဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် (RCEP) ကို နိုဝင်ဘာလ ၁၅ရက်နေ့မှာ မြန်မာကပါဝင်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။


အာဆီယံ ၁၀နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ သြစတေးလျ၊ တောင်ကိုရီးယားတို့အပါအဝင် အဖွဲ့ဝင် ၁၅နိုင်ငံပါတဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် (RCEP) ကို နိုဝင်ဘာလ ၁၅ရက်နေ့မှာ မြန်မာကပါဝင်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဈေးကွက်စဖွင့်မယ့် အချိန်ကစပြီး မြန်မာပို့ကုန်တွေထဲက ၆၅ရာခိုင်နှုန်းကို အခွန်လွတ် ပို့နိုင်မှာဖြစ်လို့ ကိုဗစ်ကာလအလွန် အကျိုးသက်ရောက်မှု အများအပြားဖြစ်လာမယ်လို့လည်း ဦးသန်းအောင်ကျော်က ပြောပါတယ်။

ဒါပေမယ့် အဲဒီလိုပို့ကုန်တွေအတွက် ရွေးချယ်ဖို့၊ စီမံဆောင်ရွက်ဖို့အတွက်ကိုလည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့လို အဖွဲ့တွေနဲ့ အသေးစိတ် ပြင်ဆင်စီမံရေးစွဲပြီး ရေရှည်တည်တံ့မယ့် ပို့ကုန်တွေဖြစ်အောင် လုပ်ဖို့ပြင်ဆင်နေတယ်လို့ သူကဆိုပါတယ်။

ဉာဏပစ္စည်း မူပိုင်ခွင့်၊ ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ဘဏ္ဍရေးလုပ်ငန်းတွေ၊ အွန်လိုင်းကနေ အရောင်း အဝယ်လုပ်ကြတဲ့ e-commerce လုပ်ငန်းတွေနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကဏ္ဍတွေမှာတော့ မြန်မာ နိုင်ငံက လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ဥပဒေ၊ နည်းဥပဒေ၊ ခွင့်ပြုချက် ဆိုင်ရာ စာချုပ်ပါ သဘောတူညီချက်တွေ အတိုင်း အကောင်အထည်ဖော်ပြီးမှသာ ကုန်သွယ် ကူးသန်းခွင့်ရရှိမှာဖြစ်ပါတယ်။ အဲဒီလို ပြင်ဆင်ချိန်ကို ၁၅နှစ်အတွင်းဆောင်ရွက်ဖို့ စာချုပ်မှာ သဘောတူ လက်မှတ်ထိုးထားတယ်လို့ သိရပါတယ်။

စာချုပ်အရ ကိုယ့်နိုင်ငံအတွင်း တင်သွင်းလာမယ့် အခွန်လွတ်ကုန်ပစ္စည်းတွေကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေ နစ်နာမှုမရှိအောင်လည်း အစိုးရအနေနဲ့ သာတူညီမျှယှဉ်ပြိုင်နိုင်ဖို့ အားပေး လုပ်ဆောင်ပေးရမှာတွေကို လည်း အချိန်မီ တွန်းအားပေးလုပ်ဆောင်မှာလို့ နိုင်ငံခြားစီးပွားဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဘီဘီစီကိုပြောပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54959583

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ် RCEP မြန်မာအတွက် ဘာအကျိုးရှိမလဲ  ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ် RCEP မြန်မာအတွက် ဘာအကျိုးရှိမလဲ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.