Quarantine ဝင်နေသူ ကြိုးဆွဲချ သေ


ပင်လည်ဘူး၊ နိုဝင်ဘာ- ၂

ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် အသွားအလာကန့်သတ်နေထိုင်သူ Quarantine ဝင်နေသူ အမျိုးသားတစ်ဦး ကြိုဆွဲချသေဆုံးမှု ယနေ့ ဖြစ်ပွားသည်။

ပင်လည်ဘူးမြို့နယ် မြို့မ(၁)စာသင်ကျောင်း Quarantine စင်တာတွင် ရွာသစ်ကုန်းကျေးရွာနေ အသက် ၃၁ နှစ် အမျိုးသားတစ်ဦး ၎င်းနေထိုင်ရာ အခန်းအတွင်း ယနေ့နံနက် ၅ နာရီခွဲခန့်က ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်သည်။

သေဆုံးသူသည် ညသန်းခေါင်ထိ လမ်းလျှောက်နေဆဲ​ဖြစ်ပြီး ကြိုးဆွဲချသေဆုံးနေမှုကို နံနက်ပိုင်းမှ သိခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ဇနီးမှ ရဲတပ်ဖွဲ့ထံပြောဆိုချက်အရ သိရသည်။

“သေဆုံးသူက ညဆို အိပ်မပျော်ဘဲ ဖြစ်တတ်တယ်တဲ့။ ညဆို မအိပ်ဘဲ လမ်းတွေလျှောက်ပြီး နေတတ်တာလို့ သူ့မိန်းမက ပြောတယ်”ဟု ပင်လည်ဘူးရဲစခန်း ဒုရဲမှူး မျိုးတင့်က ပြောသည်။

သေဆုံးသူသည် လွန်ခဲ့သော တစ်ပတ်ခန့်က တရုတ်-မြန်မာနယ်စပ် ငှက်ပျောစိုက်ခင်းမှ မိသားစုလိုက် ပြန်လာကာ ပင်လည်ဘူးမြို့မ(၁)စာသင်ကျောင်း Quarantine ဝင်နေသူ ဖြစ်သည်။

သေဆုံးသူ အမျိုးသားအား ရဲတပ်ဖွဲ့မှ ကနဦး သေမှုသေခင်းဖွင့် စစ်ဆေးနေသည်။

ရုပ်အလောင်းအား မြို့နယ်ကျန်းမာရေးဌာနနှင့် ကိုဗစ်-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ ကျန်းမာရေးညွှန်ကြားချက်အတိုင်း သဂြိုလ်ရန် စီစဥ်နေသည်။


မောင်စိန်ချို

Monywa Gazette

https://www.facebook.com/monywagazette

Quarantine ဝင်နေသူ ကြိုးဆွဲချ သေ  Quarantine ဝင်နေသူ ကြိုးဆွဲချ သေ Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.