ကျောက်မဲ အနိုင်ရ NLD ကိုယ်စားလှယ် သေနတ်နဲ့ ပစ်သတ်ခံရ

သေဆုံးသွားတဲ့ NLD ပါတီ ကိုယ်စားလှယ်ဦးထိုက်ဇော်

Nay Myo Zaw FB

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒီနေ့ ညပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။

ဒီနေ့ည ခြောက်နာရီလောက်က နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ကုန်စုံဆိုင်မှာရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျဉ်ဆံထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ ဦးထိုက်ဇော်ကို ကျောက်မဲဆေးရုံကို ပို့တောင်ခဲ့ကြပေမယ့် ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။

NLD ကိုယ်စားလှယ် ဦးထိုက်ဇော် ပစ်ခတ်ခံရပြီး သေဆုံးရတဲ့ကိစ္စဟာ ဘယ်သူ့လက်ချက်လည်းဆိုတာကိုတော့ မသိရသေးပါဘူး။

ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၅)ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

အဲ့ဒီပစ်ခတ်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ နေအိမ်မှန်တွေ ပျက်စီးခဲ့တာပါ။

(၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲကို ကျောက်မဲခရိုင်မှာ နိုင်ငံရေးပါတီပေါင်း (၁၀) ပါတီဝင်ပြိုင်ခဲ့တာပါ။

ကျောက်မဲခရိုင်တွင်းမှာ နောင်ချိုမြို့နယ်ကလွဲပြီး သီပေါ၊ နမ္မတူ၊ ကျောက်မဲ မြို့နယ်တွေမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကနေရာအများဆုံးအနိုင်ရခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက်ကိုတော့ NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်က မဲပေါင်း (၅၀) ကျော် အသာနဲ့ SNLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့တာပါ။


RFA Burmese

https://www.rfa.org/burmese/news/NLD-candidate-election-11212020092802.html

ကျောက်မဲ အနိုင်ရ NLD ကိုယ်စားလှယ် သေနတ်နဲ့ ပစ်သတ်ခံရ  ကျောက်မဲ အနိုင်ရ NLD ကိုယ်စားလှယ် သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.