ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် (၁) နဲ့ (၂) အပါအဝင် နေရာ လေးနေရာလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရသွားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီကနေ့ အတည်ပြု ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်အတွက် NLD ပါတီကိုယ်စားလှယ် ဒေါ်ကေရွယ်အောင်က (၇၁၇၁၃) မဲ၊ USDP ပါတီကိုယ်စားလှယ်ဦးညွှန့်ဝင်းက (၂၅၄၈၈) မဲ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကိုယ်စားလှယ် ဒေါ်ဆိုင်းနူးပန်က(၂၃၄၅၃) မဲ ရရှိခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၁) အတွက် NLD ပါတီကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်က (၆၇၉၇၂) မဲ၊ USDP ပါတီကိုယ်စားလှယ် ဆီဟူးဒွေ့က (၂၇၉၀၇) မဲ၊ KSPP ပါတီကိုယ်စားလှယ် ဒေါ်ဒွဲဘူက (၂၅၆၀၇) မဲ ရရှိခဲ့ပါတယ်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) အတွက် NLD ပါတီကိုယ်စားလှယ် ဒေါက်တာခက်အောင်က (၃၄၉၂၆) မဲ၊ KSPP ပါတီကိုယ်စားလှယ် ဦးမိထွယ်ဇော်လတ်က (၁၅၀၁၇)မဲ၊ USDP ပါတီကိုယ်စားလှယ် ဒေါ်ဆိုင်းရော်က (၆၂၀၁)မဲ ရရှိခဲ့ပါတယ်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက် NLD ပါတီကိုယ်စားလှယ်ဦးနေဝင်းက (၃၆၆၁၀) မဲ၊ USDP ပါတီကိုယ်စားလှယ်ဒေါက်တာခင်မောင်ထွန်း (၁၈၀၇၃) မဲ၊ KSPP ပါတီကိုယ်စားလှယ် ဦးဝင်းဟန်သန်းက (၅၄၀၉)မဲ ရရှိခဲ့ပါတယ်။
RFA Burmese

No comments:
Post a Comment