အမျိုးသားလွှတ်တော်အတွက် အနိုင်ရခဲ့တဲ့ NLD ပါတီကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ကို တွေ့ရစဉ်
Photo: Ye Myint Swe
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော် (၁) နဲ့ (၂) အပါအဝင် နေရာ လေးနေရာလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရသွားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီကနေ့ အတည်ပြု ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်အတွက် NLD ပါတီကိုယ်စားလှယ် ဒေါ်စီစီသက်က ၄၆၄၉၂ မဲ၊ USDP ပါတီကိုယ်စားလှယ် ဒေါ်ဝင်းမြင့်သန်းက ၈၀၃၆ မဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကိုယ်စားလှယ် ဦးဝင်းအောင်က ၁၃၈၈ မဲ ရရှိခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၉) အတွက် NLD ပါတီကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ၄၄၁၅၉ မဲ၊ USDP ပါတီကိုယ်စားလှယ် ဦးသန်းမြင့်က ၇၄၂၁ မဲ၊ တစ်သီးပုဂ္ဂလ ဒေါက်တာညိုညိုသင်းက ၃၄၁၆ မဲ ရရှိခဲ့ပါတယ်။
တနင်္သာရီမြို့နယ် တိုင်းလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) အတွက် NLD ပါတီကိုယ်စားလှယ် ဦးအောင်သူရက ၂၂၇၅၇ မဲ၊ USDP ပါတီမှ ဦးသန်းနိုင်က ၃၆၉၂ မဲ၊ UBP ပါတီ ကိုယ်စားလှယ် ဦးလှထွန်းနိုင်က ၉၄၃ မဲရရှိခဲ့ပါတယ်။
တနင်္သာရီမြို့နယ် တိုင်းလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) အတွက် NLD ပါတီကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း က ၂၃၂၁၁ မဲ၊ USDP ပါတီကိုယ်စားလှယ် ဦးထင်ပေါ်က ၄၈၀၇ မဲနဲ့ UBP ပါတီကိုယ်စားလှယ် ဦးဆောင်းတင်က ၅၇၄ မဲ ရရှိခဲ့ပါတယ်။
တနင်္သာရီမြို့နယ်တစ်ခုလုံးမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၈၂၃၁၃ ဦးရှိတယ်လို့ သိရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/nld-won-tanintharyi-11112020074412.html

No comments:
Post a Comment