NLD အမတ်လောင်း ဒေါ်ဝင်းမြမြ ရွေးကောက်ပွဲအနိုင်ရ

၂ဝ၂ဝ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ။

Photo: Daw Win Mya Mya/Facebook

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ အနိုင်ရရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

အစ္စလာမ်ဘာသာဝင် ဒေါ်ဝင်းမြမြဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရလက်ထက်မှာ နှစ်ရှည်ထောင်ကျခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ်မှာမှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပူတာအိုအကျဉ်းထောင်ကနေ လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြကို NLD ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ကတည်းက ကန့်ကွက်မှုတွေလည်း ရှိခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စဉ့်ကိုင်မြို့က မဲရုံအားလုံး ၁၄၂ ရုံကနေ ဆန္ဒမဲပေါင်း ၇၇၄၅ မဲနဲ့ အနိုင်ရရှိခဲ့ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ် နှစ်ယောက်ပါရှိပြီး နှစ်ယောက်လုံး အနိုင်ရထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mandalay-nld-muslim-candidate-wins-2020election-11102020104054.html

NLD အမတ်လောင်း ဒေါ်ဝင်းမြမြ ရွေးကောက်ပွဲအနိုင်ရ  NLD အမတ်လောင်း ဒေါ်ဝင်းမြမြ ရွေးကောက်ပွဲအနိုင်ရ Reviewed by THITHTOOLWIN on 23:34 Rating: 5

No comments:

Powered by Blogger.