ဂျာမနီ ကိုဗစ် Lockdown အောင်မြင်မှုရှိ

ဂျာမနီ ကိုဗစ် Lockdown ချ

ဂျာမဏီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက စိုးရိမ်ရတဲ့အခြေနေမှာ ဆက်ရှိနေပေမယ့် နိုင်ငံတွင်း တချို့နေရာတွေမှာ lockdown ချ ကန့်သတ်မှုတွေ အလုပ်ဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရတယ်လို့ ဂျာမဏီ ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ Robert Koch ဌာန အကြီးအကဲ Lothar Wieler က ပြောပါတယ်။

ဂျာမဏီနိုင်ငံမှာ ဒီရောဂါကူးစက်မှုတိုးလာတာကို ထိန်းချုပ်နိုင်ဖို့ နိုဝင်ဘာလဆန်းကစပြီး တင်းကြပ်တဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ကျောင်းတွေနဲ့ စျေးဆိုင်တွေမှအပ တခြားစားသောက်ဆိုင်တွေ၊ အပမ်းဖြေနေရာတွေ နဲ့ အရက်ဘားတွေကိုပါ ပိတ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုဆို သီတင်းတပတ်လောက် ကူးစက်မှုတိုးလာတာမရှိဘူးလို့ မစ္စတာ Wielerက သတင်းထောက်တွေကို ပြောပါတယ်။ ဂျာမဏီမှာ ဒီရောဂါ ဖြစ်ပွါးမှုကတော့ အခုထိ များပြားနေဆဲ ဖြစ်ပြီး ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကြပ်လာမယ့် အန္တရာယ် ရှိနေဆဲ ဖြစ်ပေမယ့် ကူးစက်သူဦးရေ စတင်ကျဆင်းလာပြီဖြစ်ပြီး အခြေနေတည်ငြိမ်မှုရှိလာကြောင်း ပြောပါတယ်။

ဒါ့အပြင် အလားအလာရှိတဲ့ ကာကွယ်ဆေးတွေ ရလာတော့မယ့် သတင်းကြောင့်လည်း သိပ်ကို အားတက်ရကြောင်း ပြောပါတယ်။ ဒါပေမယ့် ချထားတဲ့ ကန့်သတ်မှုတွေ ဘယ်လောက်ကြာကြာ ဆက်ထားမယ် ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။

အခုလို ကန့်သတ်မှုတွေ ချထားစဉ်ကတော့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel က နိုဝင်ဘာလ တလလုံး ထားမှာ ဖြစ်ပြီး ဒီဇင်ဘာ ခရစ်စမတ်အားလပ်ရက် အတွက်တော့ တချို့ ကန့်သတ်မှုတွေ ဖြေလေ ျှာ့ ပေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်း ပြောခဲ့တာပါ။

ဂျာမဏီနိုင်ငံမှာ ဒီရောဂါအကူးစက်ခံရသူ ၈ သိန်းခွဲကျော်နဲ့ သေဆုံးရသူက တသောင်း ၃ ထောင်ကျော် ရှိပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/germany-lock-down-/5669423.html

ဂျာမနီ ကိုဗစ် Lockdown အောင်မြင်မှုရှိ ဂျာမနီ ကိုဗစ် Lockdown အောင်မြင်မှုရှိ Reviewed by THITHTOOLWIN on 00:47 Rating: 5

No comments:

Powered by Blogger.