ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမှာတော့ အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်မှု နဲ့ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပါတယ်။ အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ ၁၁.၇ သန်းကျော် နဲ့ သေဆုံးသူ ၂ သိန်းခွဲကျော်ရှိလာနေပြီဖြစ်ပါတယ်။
အမေရိကန်ပြည်သူတွေအနေနဲ့ ရှေ့သီတင်းပတ်အတွင်း ကျရောက်မယ့် ကျေးဇူးတော်နေ့ အခမ်းအနားကို ဘယ်မှမသွားဘဲ အိမ်မှာဘဲနေကြဖို့နဲ့ သူတို့ရဲ့ အားလပ်ရက်အစီအစဉ်တွေကို ပြန်ပြီးတော့စဉ်းစားကြဖို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) နဲ့ တခြား ကျန်းမာရေးမဟာမိတ်အဖွဲ့ ၃ ဖွဲ့က သီးခြားကြေငြာချက်တွေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံကတော့ ရောဂါကူးစက်သူ ၉ သန်းကျော် နဲ့ ဒုတိယအများဆုံးဖြစ်နေပြီး အိန္ဒိယနိုင်ငံမှာ ဒီနေ့ ရောဂါကူးစက်သူ ၄၅,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေပြောပါတယ်။ အိန္ဒိယပြီးတဲ့နောက် ဘရာဇီးလ်နိုင်ငံမှာတော့ ၆ သန်းကျော်နဲ့ ကူးစက်မှုတတိယအများဆုံးဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ အိမ်နီးချင်း မက္ကဆီကိုနိုင်ငံမှာတော့ သေဆုံးသူ ၁ သိန်းကျော်ရှိသွားပြီဖြစ်ပြီး မက္ကဆီကိုနိုင်ငံဟာ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ ၁ သိန်းကျော်လာတဲ့ စတုတ္တမြောက်နိုင်ငံဖြစ်လာနေပါတယ်။
ရုရှားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး။ ရောဂါကူးစက်သူ ၂၄,၃၁၈ ယောက်ရှိတယ်လို့ပြောါတယ်။ အဲဒီထဲက ၆ ထောင်ကျော်ကတော့ မော်စကိုမြို့ကဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-india-brazil-top-covid-case-list/5670317.html

No comments:
Post a Comment